Justice League: Crisis on Infinite Earths, Part Three
DC Animation Universe ကြီးရဲ့အကြမ်းဆုံး အားစိုက်မှုအများဆုံး စိတ်ဝင်စရာအကောင်းဆုံးဖြစ်တဲ့ Justice League : Crisis On Infinite Earth Part Three ထွက်ရှိလာခဲ့ပါပြီ။2024 တစ်နှစ်တည်းမှာတင်အခုကားနဲ့အပါအဝင် ၃ ကားလုံးထွက်ရှိခဲ့တာဖြစ်ပြီး တစ်ကားချင်းစီတိုင်းမှာလည်းအပြိုင်စကြ၀ဠာတွေအပြင် တခြားစိတ်ဝင်စားစရာတွေအပြည့်နဲ့ကြည့်ရှုသူပရိသတ်စိတ်ကိုဆွဲဆောင်လာခဲ့တာပဲဖြစ်ပါတယ်။လက်ရှိ IMDb Rating 6.0 အထိရရှိထားပြီး Part 2 တုန်းကရင်ထဲဟောင်းလောင်းပေါက်ကြီးဖြစ်နေအောင်ထားခဲ့တဲ့ကွက်လပ်တွေကိုအရသာရှိရှိဖြည့်ပေးသွားမှာပဲဖြစ်ပါတယ်။Part 2 မှာစူပါဂဲလ်ကစောင့်ကြည့်သူ(Monitor)ကိုသတ်ခဲ့ပြီးနောက်မှာတော့စူပါဟီးရိုးတွေနေထိုင်တဲ့ကမ္ဘာတွေအားလုံးအတွက်ကြီးမားတဲ့အန္တရာယ်ကြီးတစ်ခုစတင်ကျရောက်လာပါတော့တယ်။အဲ့ဒီအန္တရာယ်ကြီးကတော့စောင့်ကြည့်သူဖျက်ဆီးသမား(Anti-Monitor) ဖြစ်ပြီး Part 3 အစမှာအဲ့ဒီစောင့်ကြည့်သူဖျက်ဆီးသမားကဂြိုလ်တွေတစ်ခုပြီးတစ်ခုကိုလိုက်ဖျက်ဆီးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူ့ကိုတားနိုင်ဖို့နည်းလမ်းလည်းမရှိတဲ့အတွက်တစ်ဂြိုလ်ပြီးတစ်ဂြိုလ်ဖျက်ဆီးနေတာကိုဂြိုလ်တုမှာရှိတဲ့ဟီးရိုးတွေကအံကြိတ်ပြီးကြည့်နေရပါတော့တယ်။ဒါပေမယ့်လက်စ်လူသာရဲ့မထင်မှတ်ထားတဲ့လှည့်ကွက်တစ်ခုကြောင့်စောင့်ကြည့်သူဖျက်ဆီးသူကိုတားဆီးဖို့အတွက်မျှော်လင့်ချက်ရောင်ခြည်လေးသမ်းလာတဲ့အခါမှာတော့စူပါဟီးရိုးတွေစုစည်းပြီးအပြိုင်စကြ၀ဠာထဲကကမ္ဘာတွေကိုကယ်တင်ဖို့ကြိုးစားကြပုံတွေကို Part 1 နဲ့ 2 ထက် Tempo မကျသွားပဲနဲ့စိတ်ဝင်စားစရာကောင်းစွာဆက်လက်ကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း