ဇာတ်ကားများ ရွေးရန်

My Spy: The Eternal City

2024ဇာတ်ကားWeb-dl 4K SDR

နာမည်ကြီး Hollywood သရုပ်ဆောင်လူထွားကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ Dave Bautista ကိုယ်တိုင်ဇာတ်ဆောင်မင်းသားနေရာကနေပါဝင်သရုပ်ဆောင်ထားတဲ့ My Spy ဆိုတဲ့နာမည်ကြီးဇာတ်ကားရဲ့ ဒုတိယမြောက်အဆက်ကားဖြစ်တဲ့ My Spy : The Eternal City ကိုတင်ဆက်ပေးလိုက်ပါပြီ။ပထမကားမှာတုန်းကလည်းအားပေးမှုတွေတခဲနက်ရရှိခဲ့သလို ဒုတိယမြောက်ကားမှာလည်းရှယ်ကြမ်းတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ဇာတ်အိမ်တည်ဆောက်ပုံတွေကိုတွေ့ရဦးမှာဖြစ်ပါတယ်။ပထမကားကိုမကြည့်ရသေးတဲ့သူတွေအတွက်အကျဉ်းချုပ်လေးပြန်ပြောရရင်တော့ဆိုဖီဆိုတဲ့ကောင်မလေးက အဖေဖြစ်သူလူဆိုးတွေအသတ်ခံခဲ့ရတဲ့အတွက်အမေတစ်ခုသမီးတစ်ခုသာကျန်ခဲ့တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာသူတို့ရဲ့လုံခြုံရေးအတွက် CIA အေးဂျင့်ဂျေဂျေကိုသူတို့အိမ်ကိုစောင့်ရှောက်ခိုင်းခဲ့ရာကနေ ဂျေဂျေနဲ့ဆိုဖီ့အမေတို့မေတ္တာမျှသွားခဲ့ကြပြီး အခုဆိုရင်တော့မိသားစုတစ်ခုဖြစ်လို့သွားခဲ့ပါပြီ။ဒါပေမယ့်ဆိုဖီကတော့ဂျေဂျေ့ကိုအဖေအရင်းတစ်ယောက်လိုမသတ်မှတ်နိုင်သေးခဲ့ပါဘူး။ဂျေဂျေကဒီမိသားစုလေးကိုထိန်းသိမ်းဖို့အတွက်အရမ်းကြမ်းတမ်းတဲ့အေးဂျင့်ကြီးတစ်ယောက်အဖြစ်ကနေအခုအချိန်မှာရုံးထိုင်အလုပ်ကိုသာလုပ်နေပြီးပြောင်းလုပ်နေတော့ပါတယ်။တစ်နေ့မှာတော့ဆိုဖီရဲ့ကျောင်းကသံစုံကျူးအဖွဲ့နဲ့အတူတူအီတလီကိုသွားဖို့ဖြစ်လာခဲ့တဲ့အခါမှာတော့ဂျေဂျေလည်းအတူလိုက်ပါပြီးကလေးတွေရဲ့အထိန်းတော်လုပ်ပေးရပါတော့တယ်။စစချင်းတုန်းကတော့သွေးသားအရင်းမတော်စပ်တဲ့သားအဖနှစ်ယောက်အဆင်ပြေနိုင်ဖို့အတွက်သွားခဲ့တဲ့ခရီးစဉ်ဖြစ်ခဲ့ပေမဲ့ မထင်မှတ်ထားတဲ့အလုပ်ကဒုစရိုက်မှုကြီးတွေကခရီးစဉ်နောက်ကိုလိုက်လာခဲ့တဲ့အခါမှာတော့သားအဖနှစ်ယောက်ဘယ်လိုတွေအတူတူရင်ဆိုင်ကျော်ဖြတ်သွားကြမယ်ဆိုတာကိုကြည့်ရှုရဦးမဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း