ဇာတ်ကားများ ရွေးရန်

Federer: Twelve Final Days

2024ဇာတ်ကားWeb-dl 1080p

တကယ်လို့သာ ဘောလုံးလောကရဲ့ G.O.A.T ကြီးတွေဖြစ်တဲ့မက်ဆီတို့ရော်နယ်ဒိုတို့သာအခုချက်ချင်းကြီးရုတ်တရက်အနားယူတော့မယ်လို့ကြေညာသွားရင်ဘောလုံးလောကပရိသတ်တွေဘယ်လိုခံစားရပါမလဲ။သူတို့ရဲ့ Fan မဟုတ်ရင်တောင်မြန်မာနိုင်ငံအပါအဝင်တစ်ကမ္ဘာလုံးကဘောလုံးပရိသတ်တွေရဲ့ရင်ထဲမှာဝမ်းနည်းသလိုလို တစ်မျိုးဖြစ်နေသလိုတော့ခံစားရမှာအမှန်ပါပဲ။အခုတင်ဆက်ပေးမဲ့ Documentry မှာဆိုရင်လည်း တင်းနစ်အားကစားလောကရဲ့ G.O.A.T တစ်ယောက်အသက် ၄၀ ကျော်မှာဒူးဝေဒနာကြောင့်အနားယူသွားရတဲ့အခါမှာ တင်းနစ်ပရိသတ်ကြီးတွေ အနားယူတဲ့ဂန္တဝင်ကစားသမားကြီးကိုယ်တိုင်နဲ့သူနဲ့ပြိုင်ဖက်တွေဖြစ်ခဲ့ဖူးအသင်းဖော်တွေဖြစ်ခဲ့ဖူးတဲ့ကစားသမားတွေအားလုံးဘယ်လိုခံစားရမလဲဆိုတာတွေကိုကွက်ကွက်ကွင်းကွင်းမြင်သာအောင်ရိုက်ကူးထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အဲ့ဒီဂန္တဝင်ကစားသမားကြီးရဲ့နာမည်ကတော့ Roger Federer ဖြစ်ပြီးသူ့ဘ၀အတွက်ဒီလိုအရေးအကြီးဆုံး ဆုံးဖြတ်ချက်ကိုချဖြစ်ခဲ့ပုံတွေနဲ့သူချစ်တဲ့တင်းနစ်လောကကိုဘယ်လိုပုံစံမျိုးနဲ့နှုတ်ဆက်သွားမယ်ဆိုတာတွေကိုမြင်တွေ့ရမဲ့ တင်းနစ်လောကရဲ့ဝမ်းနည်းစရာအကောင်းဆုံးအဖြစ်အပျက်တစ်ခုကိုရိုက်ကူးပြသထားတဲ့ Documentry တစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း