Skywalkers: A Love Story
မိုးမျှော်တိုက်ကြီးတွေပေါ် စွန့်စားတက်ရတာကြိုက်တဲ့ လူနှစ်ယောက်ဆုံစည်းပြီး အချစ်ဇာတ်လမ်းဖြစ်ပေါ်လာတာပါ။ အန်ဂျလာနဲ့ အိုင်ဗန်တို့က ရုရှားလူမျိုး Skywalkers တွေဖြစ်ပြီး အိုင်ဗန်က သူ့ရဲ့သည်းထိတ်ရင်ဖို့ စွန့်စားခန်းတွေနဲ့ ဆိုရှယ်မီဒီယာမှာ နာမည်ကျော်ပါတယ်။ အန်ဂျလာကတော့ မိဘတွေက ဆပ်ကပ်ဖျော်ဖြေသူတွေဖြစ်ခဲ့လို့ သူ့ရဲ့ ဗီဒီယိုတွေမှာ ဂျွမ်းဘားကစားကွက်တွေထည့်ပြီး ပထမဆုံးအမျိုးသမီး Rooftopper အဖြစ် လူသိများလာတာပါ။ ဒီလိုနဲ့ အိုင်ဗန်က သတိထားမိသွားပြီး အန်ဂျလာကို သူနဲ့အတူပူးပေါင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အိုင်ဗန်ကတော့ ဒီအလုပ်ကို ဝါသနာသပ်သပ်မဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းအဖြစ် ရွေးချယ်ထားပြီး အန်ဂျလာကိုလည်း အများကြီး သင်ပေးခဲ့ပါတယ်။ ထူးထူးဆန်းဆန်းအကြိုက်ချင်းတူတဲ့ သူတို့နှစ်ယောက် ချစ်သွားကြပြီး သူတို့တက်ဖူးသမျှ မိုးမျှော်တိုက်တွေထဲမှာ အခက်ဆုံး အမြင့်ဆုံးဖြစ်တဲ့ မလေးရှားက မာဒက်ကာရဲ့ ထိပ်ဆုံးကိုရောက်အောင် အခက်အခဲတွေကို ကျော်ဖြတ်ပြီး တက်တာကို ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း