ဇာတ်ကားများ ရွေးရန်

Wild Wild Space

2024ဇာတ်ကားအမှတ် 7/10Web-dl 1080p

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ အမေရိကန် မှတ်တမ်းတင်ရုပ်ရှင်ဇာတ်လမ်းအမျိုးအစားဖြစ်ပါတယ်။ အကြောင်းအရာကတော့ အာကာသထဲကို ဒုံးပျံတွေပစ်လွှတ်ပြီး ဂြိုဟ်တုတွေကို လွှတ်တင်ဖို့ ကြိုးစားကြတဲ့ ကုမ္ပဏီနှစ်ခုရဲ့ ပူးတွဲတည်ထောင်သူနှစ်ယောက်အကြောင်းကို ယှဉ်ပြထားတာပါ။ တစ်ဦးကတော့ အက်စ်ထရာရဲ့ စီအီးအို ခရစ်ကမ့်ပ်ဖြစ်ပြီး သူက အာကာသယာဉ်တည်ဆောက်မှုဆိုင်ရာ ဘွဲ့ရရှိခြင်းမရှိခဲ့တာတောင် နာဆာအိမ်းစ်သုတေသနစင်တာမှာအလုပ်ရခဲ့သူပါ။ တကယ်ကိုတော်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး ပြောရင်ပြောတဲ့အတိုင်း အကောင်အထည်ဖော်နိုင်သူ အကြိမ်ကြိမ်လဲကျလည်း ပြန်ထနိုင်သူတစ်ယောက်ပါ။ နောက်တစ်ဦးကတော့ ရော့ကတ်လက်ဘ်ရဲ့ တည်ထောင်သူ နယူးဇီလန်သား ပီတာဘက်ခ်ပဲ ဖြစ်ပါတယ်။ ကျောထောက်နောက်ခံမရှိ အာကာသယာဉ်တည်ဆောက်မှုဆိုင်ရာ ဘွဲ့ရရှိခဲ့ခြင်း မရှိပေမယ့် စပေ့စ်အိက်စ်ရဲ့ ဖယ်ကွန်နိုင်းကို အမီလိုက်ယှဉ်နိုင်ဖို့ ပိုကြီးတဲ့ဒုံးပျံတွေကို ဆောက်လုပ်ဖို့ အစီအစဉ်ရေးဆွဲပြီး အကောင်အထည်ဖော်နေသူတစ်ယောက်ဖြစ်ပါတယ်။ ဂြိုဟ်တုတွေကို ဂြိုဟ်ပတ်လမ်းဆီ လွှတ်တင်နိုင်ခြင်းဖြင့် ကမ္ဘာမြေကို ဘယ်လိုကောင်းကျိုးတွေသယ်လာပေးနိုင်မလဲ.... ဂြိုဟ်တုတွေက ဘယ်လောက်တောင် အရေးပါသလဲ..... စီးပွားရေးလုပ်ငန်းရှင်တွေက ဒီလိုစွန့်စားရတဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်ဘယ်လိုရလာနိုင်လဲ.... ဂြိုဟ်တုတွေကနေတဆင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အခြေအနေတွေကို ဘယ်လိုစောင့်ကြည့်နိုင်သလဲ.... စတာတွေကို စိတ်ဝင်စားဖွယ်ပြသထားပါတယ်။ (အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)

ဇာတ်လမ်းအကြောင်း