ဇာတ်ကားများ ရွေးရန်

Here to Climb

2024ဇာတ်ကားWeb-dl 1080p

ဘောလုံး ရေကူး တင်းနစ် ဘတ်စကက်ဘောတို့လို့ပြောလိုက်ရင်အဲ့ဒါတွေကိုအားကစားတွေလို့လက်ခံထားကြပေမဲ့ တောင်တက်တယ်လို့ကြားလိုက်ရရင်တော့အဲ့ဒါကိုတော်ရုံတန်ရုံအားကစားလို့မသတ်မှတ်ကြပါဘူး။အမျိုးသမီးတောင်တက်တယ်ဆိုရင်ဟာသကြီးတစ်ခုလိုတောင်ပိုဖြစ်နေပါသေးတယ်။ဒါပေမယ့်အဲ့ဒီအယူအဆတွေကိုချိုးဖျက်ပေးခဲ့တဲ့ယောက်ျားတွေပဲတက်နိုင်ခဲ့သေးပြီးဘယ်အမျိုးသမီးမှမတက်နိုင်ခဲ့တဲ့ခက်ခဲတဲ့တောင်တော်တော်များများကိုတက်နိုင်ခဲ့တဲ့ပထမဆုံးအမျိုးသမီးတောင်တက်သမားတစ်ယောက်ရဲ့ဘ၀ဇာတ်ကြောင်းနဲ့သူမရဲ့အောင်မြင်မှုတွေအကြောင်းကိုရိုက်ကူးပြသထားတဲ့ Documentry ကိုတင်ဆက်ပေးလိုက်ပါတယ်။အမျိုးသမီးတောင်တက်လောကရဲ့စံထားရလောက်တဲ့ဂန္တဝင်ကြီးရဲ့နာမည်ကတော့ Sasha Digiulian ဖြစ်ပြီးသူက ၆ နှစ်သမီးလောက်ကတည်းကတောင်စတက်ခဲ့တာဖြစ်ပါတယ်။စစချင်းတုန်းကတော့တောင်တက်အားကစားရုံတွေထဲမှာပဲတက်ခဲ့ပြီး အဲ့ဒီကနေစပြီးသူ့ကိုယ်သူတောင်တက်ခြင်းကိုဘယ်လောက်တောင်ခုံမင်တယ်ဆိုတာကိုသိလာရပါတယ်။ ဒီလိုနဲ့တောင်တက်အားကစားရုံတွေထဲမှာပြိုင်ပွဲတွေဝင်ပြိုင်အနိုင်ယူခဲ့ပြီးတော့ အပြင်လောကကိုထွက်ပြီးတကယ့်တောင်တွေကိုတက်တဲ့အခါမှာလည်းအမျိုးသမီးတောင်တက်သမိုင်းမှာမှတ်ကျောက်တွေအများကြီးကျန်အောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့်ကျွမ်းကျင်ပရိုအားကစားသမားတွေရဲ့ဘ၀မှာရရှိတာတွေများသလိုပေးဆပ်ရတာတွေလည်းအများကြီးရှိပါတယ်။အဓိကအားဖြင့်ကတော့ခန္ဓာကိုယ်ကိုအရမ်းအသုံးပြုနေရတဲ့အားကစားတစ်ခုဖြစ်တဲ့အတွက်အသက် ၂၀ ကျော်မှာတင် တင်ပါးဆုံခွဲစိတ်မှု ၅ ခါတောင်ပြုလုပ်ခဲ့ရပါတယ်။ဒါပေမယ့်ဒီခွဲစိတ်မှုတွေကြောင့်သူချစ်ရတဲ့တောင်တက်အားကစားကိုမစွန့်လွှတ်နိုင်တဲ့ဆာရှာတစ်ယောက်ခွဲစိတ်မှုတွေအပြီးမှာဘာတွေဆက်လုပ်ခဲ့လဲဆိုတာတွေအပြင်တခြားသောစိတ်ဝင်စားစရာဘ၀ဇာတ်ကြောင်းတွေကိုကြည့်ရှုရမဲ့ Documentry ကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း