ဇာတ်ကားများ ရွေးရန်

Kabhi Khushi Kabhie Gham...

2001ဇာတ်ကားBlu-ray 1080p

တစ်ခေတ်တစ်ခါတုန်းက အရမ်းအောင်မြင်ခဲ့ပြီး လူကြိုက်များရေပန်းစားခဲ့တဲ့ မိသားစုဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဘောလီးဝုဒ်ရဲ့ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေအများကြီးပါဝင်ထားပြီး ဇာတ်လမ်းတင်မကဘဲ နောက်ခံတေးဂီတကပါ အခုထိနာမည်ကျော်ကြားနေဆဲဖြစ်တဲ့ ဒီမိသားစုချစ်ခြင်းဖွဲ့ဇာတ်လမ်းလေးဟာ ဘောလီးဝုဒ်ပရိသတ်တွေကြားထဲ မသိသူမရှိလောက်အောင် နာမည်ကြီးကျော်ကြားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းလေးထဲမှာ မိဘနှစ်ပါးရဲ့ချစ်ခြင်းမေတ္တာထဲမှာမှ ဖခင်တစ်ယောက်ရဲ့အချစ်က မိခင်မေတ္တာနဲ့ဘယ်လိုကွာခြားသလဲဆိုတာကို အလွမ်းဇာတ်နှောပြီး ဖော်ပြထားပါတယ်။ "မိဘရဲ့ဒေါသဆိုတာကလည်း ချစ်ခြင်းမေတ္တာတစ်မျိုးပါပဲ"တဲ့လေ။ သားသမီးကိုဘယ်လောက်ပဲစိတ်ဆိုးဒေါသထွက်နေပါစေ... ပစ်မသွားရက်တာ မိဘတိုင်းရဲ့ထုံးစံပါပဲ။ ရာစုနှစ်တစ်ခုကြာသွားပြီဖြစ်တဲ့ ဒီမိသားစုဇာတ်လမ်းလေးဟာ အလွမ်းဇာတ်အိမ်ကောင်းကောင်းကိုမှ တောင့်တသူတွေအတွက်တော့ အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်မှာကျိန်းသေပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zed ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း