ဇာတ်ကားများ ရွေးရန်

Tiger

2024ဇာတ်ကားWeb-dl 1080p

လူတွေနဲ့လူ့သဘောသဘာ၀တွေကိုကြည့်ရတာရိုးအီလာရင်ကြည့်ဖို့အတွက် အသစ်ထွက်ရှိထားတဲ့ Single Mother ကျားမေမေနဲ့ကျားပေါက်လေး ၄ ကောင်တို့အကြောင်းရိုက်ကူးတင်ဆက်ထားတဲ့အရင်တုန်းက Discovery ကြည့်ခဲ့ရသလိုခံစားချက်မျိုးနဲ့ကြည့်ရှုရမဲ့ Documentary လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။Documentry ဆိုပေမဲ့ကျားတွေစကားမပြောကြတာကလွဲရင်ရသပေါင်းမျိုးစုံပေးနိုင်ပြီးအရမ်းကြည့်လို့ကောင်းတဲ့အတွက် IMDb Rating 7.9 နဲ့ Rotten Tomatoes 88% အထိပါရရှိထားတာဖြစ်ပါတယ်။နာမည်ကတော့ရိုးရိုးရှင်းရှင်း Tiger ပါပဲ။ဒီထဲမှာအဓိကတွေ့ရမဲ့ဇာတ်ဆောင်တွေကတော့အမ်ဘာဆိုတဲ့ကျားမေမေကြီးရယ်သူ့ရဲ့ကျားပေါက်လေး ၄ ကောင်ဖြစ်တဲ့ အိုင်ဗီ၊ရာဗီ၊ဂိုလု၊ချမ်းတို့ပဲဖြစ်ပါတယ်။သူတို့လေးတွေမွေးဖွားစဉ်အချိန်ကနေစပြီးကြီးပြင်းလာတဲ့အချိန်အထိကျားမေမေကြီးရဲ့ရုန်းကန်ရပုံတွေ သူ့ကလေးတွေကိုအမဲလိုက်နည်း အသက်ရှင်နေထိုင်နည်းတွေသင်ပေးပုံတွေနဲ့ တိရစ္ဆာန်တွေကြားကလူတွေထက်တောင်ပိုကြီးမားတဲ့ပေးဆပ်ခြင်းတရားတွေ မေတ္တာတွေကိုတွေ့မြင်ရမှာဖြစ်တဲ့အတွက်တစ်ခါလောက်တော့ကြည့်ဖူးသင့်တဲ့ Documentary တွေထဲမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း