ဇာတ်ကားများ ရွေးရန်

The Last Boy on Earth

2023ဇာတ်ကားBlu-ray 1080p

ဒီ Sci-fi ရုပ်ရှင်ကတော့ အပိုင်းတိုလေးတွေကို ပေါင်းထားတာနဲ့တူပါတယ်။ အနာဂတ်မှာ ကမ္ဘာကြီး ပျက်စီးသွားပြီး ပြောင်းလဲသွားတာကို ရှုထောင့်ပြောင်းပြီး ပုံဖော်ထားတာပါ။ ဒါမဲ့ ဝေဖန်သူတွေကတော့ low budget ဖြစ်တဲ့အပြင် ရုပ်ရှင်နဲ့မတူဘဲ school project နဲ့တူတယ်၊ ဆက်စပ်မှုမရှိဘူးဆိုပြီး ပြောကြပါတယ်။ အကျဉ်းချုပ်ကတော့ ကမ္ဘာကြီးက အဖြစ်အပျက်တစ်ခုကြောင့် တစ်စတစ်စယိုယွင်းပျက်စီးသွားပြီး လူတွေက ကမ္ဘာကနေ စွန့်ခွာပြီး တခြားဂြိုလ်မှာ ရွှေ့ပြောင်းနေထိုင်ကြတာတွေ လူသားတွေ သန်းပေါင်းများစွာသေဆုံးသွားပြီး တချို့တွေက မျိုးဗီဇပြောင်းသွားတာတွေ စက်ရုပ်တွေက လူသားတွေကို ခြယ်လှယ်စိုးမိုးလာတာတွေကို တွေ့ရမှာပါ။ အနာဂတ်မှာ ကိုယ့်လက်တွဲဖော်ကိုတောင် ကိုယ်တိုင်ရွေးခွင့်မရှိတော့ဘဲ အစိုးရက ခွင့်ပြုထားတဲ့ဉပဒေနဲ့ ပရိုဂရမ်တွေသုံးပြီး တွက်ချက်ရွေးချယ်ရတာတွေ ဖြစ်လာတာကိုပါ ထည့်သွင်းထားပါတယ်။ တကယ်ပဲ ဝေဖန်သူတွေပြောသလို ဇာတ်ကားက ညံ့နေလား ရည်ရွယ်ချက်မဲ့နေလားဆိုတာ ကိုယ်တိုင်ကြည့်ပြီး သုံးသပ်လို့ရပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း