ဇာတ်ကားများ ရွေးရန်

Visher

2024ဇာတ်ကားWeb-dl 1080p

Horror ချစ်သူတွေအတွက်ကျားဖြန့်(အွန်လိုင်းလိမ်လည်မှု)နဲ့ Horror တို့ကိုပေါင်းစပ်ရိုက်ကူးထားတဲ့ကျောချမ်းစရာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Visher ဖြစ်ပြီး Conjuring တို့လို Masterpiece တော့မဟုတ်ပေမဲ့သူ့ဟာနဲ့သူတော့ကြည့်လို့ကောင်းတဲ့အနေအထားမှာရှိပါတယ်။ဇာတ်လမ်းအစမှာတော့ကျားဖြန့်အလုပ်လုပ်ပြီးတော့လူတွေကိုလိုက်လိမ်စားနေတဲ့အိန္ဒိယလူမျိုးတစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီးသူကခြေထောက်မသန်စွမ်းတဲ့လူတစ်ယောက်ပါ။သူ့ကိုယ်သူတော့လုံလောက်တဲ့ပိုက်ဆံရရင်ရပ်မယ်လို့ပြောနေပေမဲ့လောဘမီးဆိုတာတော်ရုံနဲ့အတောသတ်နိုင်တဲ့မီးမျိုးတော့မဟုတ်ပါဘူး။ဒီလိုနဲ့တစ်နေ့မှာတော့ရုသ်ဆိုတဲ့ကောင်မလေးတစ်ယောက်ကိုလိမ်လည်ဖို့အလှည့်ကျလာခဲ့ပါတယ်။ကျားဖြန့်တွေရဲ့ထုံးစံအတိုင်းတစ်ဖက်လူရဲ့ကွန်ပြူတာတွေ အင်တာနက်တွေထဲကိုဝင်လို့ရအောင်လုပ်ပြီးနောက်မှာ ရုသ်ဖက်မှာရှိတဲ့လုံခြုံရေးကင်မရာတွေ ကွန်ပြူတာကင်မရာတွေအကုန်လုံးကိုမြင်နိုင်ခဲ့ပါတော့တယ်။ဖြစ်ချင်တော့ကောင်မလေးရဲ့ရုပ်ရည်ကိုကြည့်ပြီးလိမ်တောင်မလိမ်ရက်တော့ပဲနဲ့လိမ်တဲ့သူကိုယ်တိုင်ကလည်းမိန်းမလိုချင်နေတဲ့သူဆိုတော့စကားတွေဖောင်ဖွဲ့ဖြစ်ခဲ့ကြပါတော့တယ်။ဒါပေမယ့်သူမြင်နေရတဲ့ကင်မရာမှာထူးဆန်းတဲ့အရာတွေတွေ့တာတို့ ရုသ်ကိုယ်တိုင်ကလည်းထူးဆန်းတဲ့သရဲလိုမျိုးအရာတွေကြုံတွေ့နေရကြောင်းတွေကိုပြောပြခဲ့ပြီးနောက်မှာတော့အဲ့ဒီညကသူတို့နှစ်ယောက်အတွက်ခြောက်ခြားစရာညတစ်ညအဖြစ်ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာကို Jumpscare တွေ ကျောချမ်းစရာရိုက်ချက်တွေနဲ့ရိုက်ကူးထားတဲ့ Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း