Shark Beach with Anthony Mackie
Avengers ထဲမှာ Falcon နေရာကသရုပ်ဆောင်တဲ့နာမည်ကြီးမင်းသား Anthony Mackie ကရုပ်ရှင်ထဲမှာတင်မကပဲအပြင်လောကမှာပါ စူပါဟီးရိုးတစ်ယောက်ဖြစ်ပါတယ်။ဘာလို့အဲ့လိုပြောရတာလဲဆိုတာကို အခုတင်ဆက်ပေးမဲ့ Shark Beach with Anthony Mackie ဆိုတဲ့တီဗီအစီအစဉ်လေးတစ်ခုကိုခဏလောက်အချိန်ပေးကြည့်လိုက်ရင်သိလာရမှာပါ။သူကအမေရိကန်လူဝီစီယားနားမှာမွေးပြီးကြီးပြင်းလာခဲ့သူတစ်ဦးဖြစ်ပြီး ငယ်ငယ်လေးကတည်းကငါးမျှားတာကိုခုံမင်နှစ်သက်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။နောက်ပိုင်းမှာအလုပ်အကိုင်တွေနဲ့နယူးယောက်မှာနေထိုင်ခဲ့ရပြီး လူဝီစီးယားနားကိုပြန်လာတဲ့အချိန်မှာတော့ သူကျင်လည်ခဲ့တဲ့ငါးမျှားခဲ့တဲ့နေရာတော်တော်များများမှာငါးမန်းတွေသောင်းကျန်းနေပြီးတော့ ငါးဖမ်းသမားတွေဖမ်းထားတဲ့ငါးတွေကိုဖြတ်ခုတ်လုနေတဲ့ဆိုတဲ့သတင်းကိုကြားခဲ့ရပါတော့တယ်။အဲ့ဒါကြောင့်ငါးဖမ်းသမားတွေအရမ်းနစ်နာရပြီးအခက်အခဲတွေကြုံတွေ့နေရတဲ့အတွက်ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့တစ်နေရာပြီးတစ်နေရာသွားကာအဖြေရှာပုံတွေအပြင်လူဝီစီယားနားနဲ့သူ့ကြားကအမှတ်တရတွေသံယောဇဉ်တွေကိုတွေ့ရမဲ့အပြင် ဒီအစီအစဉ်လေးကိုကြည့်ပြီးသွားရင်ငါးမန်းတွေပေါ်မှာမြင်နေတဲ့ကိုယ့်အမြင်တွေပြောင်းလဲသွားနိုင်တာမလို့စူးစမ်းလေ့လာကြည့်ရှုလို့ကောင်းမဲ့တစ်ခါလောက်တော့ကြည့်သင့်တဲ့ Documentry ပုံစံရိုက်ကူးထားတဲ့တီဗီအစဉ်အစဉ်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း