Daddio
မင်းသမီးချော Dakota Johnson ရဲ့ 2023 ခုနှစ်ထွက် ဒရမ်မာ ရုပ်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ Fifty Shades of Grey နဲ့ Madame Web ဇာတ်ကားတို့ရဲ့ မင်းသမီးချောကို ဒီဇာတ်လမ်းထဲမှာ ရွှေရောင်ဆံကေသာ ပိုင်ရှင် ပရိုဂရမ်မာအဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစကနေ အဆုံးထိကို မင်းသမီးနဲ့ တက်စီမောင်းသမားအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Sean Penn တို့ နှစ်ဦးတည်း အပြန်အလှန် စကားပြောနေတာကို မြင်တွေ့ရမှာပါ။ Daddio ဆိုတာကတော့ ဒယ်ဒီကို ရည်ညွှန်းချင်တာပါ။ မင်းသမီးက ဒယ်ဒီအရွယ် ဘိုးတော်တစ်ယောက်ကို ငြိတွယ်နေတဲ့အကြောင်းပြောပြသွားမှာဖြစ်ပြီး မင်းသားဘက်ကတော့ “men will be men” ဆိုတဲ့သဘောတရားကို ပြောပြမှာပါ။ ဇာတ်ဆောင်နှစ်ဦးတည်းဆိုပေမယ့် စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ (အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)
ဇာတ်လမ်းအကြောင်း