ဇာတ်ကားများ ရွေးရန်

The Call

2013ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Call လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒါလေးကတော့ Thriller Vibe အပြည့်အ၀ပေးတဲ့ ကားဟောင်း ကားကောင်းလေးတစ်ကားပါ။ အရေးပေါ်ကောလ်စင်တာ 911 ရဲ့လည်ပတ်ပုံတွေနဲ့ အရေးပေါ်ဖုန်းကောလ်တွေကို အချိန်နဲ့တပြေးညီ ကိုင်တွယ်ရတာ ဖြေရှင်းရတာတွေကို ရသမြောက်စွာ ဖော်ပြထားပါတယ်။ ဂျော်ဒန်ဆိုတဲ့ ရဲမေလေးဟာ 911 စင်တာကထက်မြက်တဲ့ အော်ပရေတာလေးဖြစ်ပြီး ၀င်သမျှဖုန်းတွေကို ကောင်းမွန်ပြေလည်စွာဖြေရှင်းနိုင်သူလည်းဖြစ်ပါတယ်.....။ ဒါပေမဲ့ တစ်နေ့တော့ ဖုန်းကောလ်တစ်ခုက သူမရဲ့ယုံကြည်မှုတွေကို ရိုက်ချိုးသွားခဲ့ပါတယ်။ သူမ မကယ်လိုက်နိုင်တဲ့ ခေါ်ဆိုသူနဲ့ ဖမ်းမမိလိုက်တဲ့ ကျူးလွန်သူကြား Truma ရသွားတဲ့ ဂျော်ဒန်တစ်ယောက် အလားတူအခြေအနေမျိုး ထပ်ကြုံရတဲ့အခါမှာတော့....... ဖုန်းအော်ပရေတာ ဂျော်ဒန်အဖြစ် မင်းသမီးချော Halle Berry က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ရှုစားကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Ariel ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း