ဇာတ်ကားများ ရွေးရန်

Tillu Square

2024ဇာတ်ကားWeb-dl 1080p

ပရိသတ်ကြီးကို ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ 2022 က ထွက်ခဲ့တဲ့ DJ Tillu ဇာတ်ကားလေးရဲ့ အဆက်ဖြစ်တဲ့ Tillu Square ဆိုတဲ့ Netflix ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ဒီကားလေးထဲမှာတော့ Siddu Jonnalagadda နဲ့ Anupama Parameswaran တို့က အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရာဒီကာနဲ့ ပတ်သက်မိပြီး ပြဿနာကြား ရောက်ခဲ့ရတဲ့ တီလူတစ်ယောက် နောက်ထပ်ပါတီပွဲတစ်ခုမှာ လီလီဆိုတဲ့ ကောင်မလေးနဲ့ One night stand နေမိရာကနေ အရင်ပြဿနာထက် ပိုဆိုးတဲ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဒီစစ်ဆင်ရေးမှာ လီလီက ဦးဆောင်ပါဝင်နေပါတယ်။ ဒီစစ်ဆင်ရေးမှာတော့ တီလူက အိန္ဒိယနိုင်ငံရဲ့ အလိုအရှိဆုံး နံပါတ်တစ် ရာဇဝတ်သားကို ဖမ်းပြီး ရှင်းပစ်ရမှာဖြစ်ပါတယ်။ ဘဝကို ပျော်ပျော်ပါးပါးနေတတ်တဲ့ ဒီဂျေတီလူတစ်ယောက် ဒီစစ်ဆင်ရေးကို ပြီးအောင် လုပ်နိုင်ပါ့မလား နောက်ထပ်ရော ဘယ်လိုမျိုး ပြဿနာတွေ ကြုံရဦးမလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း