Golam
မှုခင်းစုံထောက်ကားတွေကို နှစ်သက်သူတွေအဖို့ ရတနာသိုက်တစ်ခုလို့ဆိုရလောက်တဲ့ဇာတ်လမ်းတစ်ခုရောက်လို့လာပါပြီ။ ဒီဇာတ်လမ်းလေးဟာ ၂၀၂၄ခုနစ်ထွက် Crime Thrillerအမျိုးအစားဖြစ်ပြီး အကွက်ကျကျကြိုတင်စီစဉ်ထားတဲ့ရာဇဝတ်ကို သဲလွန်စတစ်ခုကနေ တစ်ခုကိုချိတ်ဆက်ပြီးတွေးတောစေနိုင်မဲ့ဇာတ်အိမ်မျိုးလည်းဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အစကို ကုမ္ပဏီရုံးခန်းတစ်ခုမှာစတင်ထားပြီး ဒီရုံးခန်းထဲမှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ဒီရုံးခန်းနဲ့ပဲအဆုံးသတ်ပြသွားခဲ့ပါတယ်။ ကုမ္ပဏီရဲ့အမ်ဒီဖြစ်တဲ့ဂျွန်ဟာ သန့်စင်ခန်းထဲမှာ ရုတ်တရက်ကြီးလဲကျသေဆုံးသွားခဲ့ရာက စုံစမ်းစစ်ဆေးကြည့်တဲ့အခါ ရဲအရာရှိတွေက မသင်္ကာစရာတွေရှိနေတာကို ခံစားမိခဲ့ပါတယ်။ ဒီလိုနဲ့ အခင်းဖြစ်ပွားချိန်တုန်းက ဒီရုံးထဲမှာရှိနေခဲ့တဲ့လူတွေတစ်ယောက်ချင်းစီတိုင်းကို ရုံးထဲမှာပဲစုံစမ်းစစ်မေးမှုတွေလုပ်ပါတော့တယ်။ အဲ့ဒီလိုကနေ အသေးငယ်ဆုံးအချက်အလက်လေးတွေက သဲလွန်စတွေဖြစ်လာတဲ့အခါ အဲ့ဒီသဲလွန်စနောက်ကိုလိုက်ရင်း ဘယ်လိုအဖြစ်မှန်တွေကိုဖော်ထုတ်မိကြမလဲ။ အဖြစ်မှန်က ဘယ်လိုအမှန်တရားတွေကိုသယ်ဆောင်ထားမလဲဆိုတာကို မှုခင်းစုံထောက်ကားတွေရဲ့ထုံးစံအတိုင်း အချိတ်အဆက်မိမိ ရင်တမမနဲ့ကြည့်ရှုကြရမှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း