ဇာတ်ကားများ ရွေးရန်

Turbo

2024ဇာတ်ကားWeb-dl 1080p

ဇာတ်ကားမှာတော့ ဂျိုလ်ဆီတစ်ယောက် မြို့ကရန်ပွဲတိုင်းမှာ လိုက်ရန်ဖြစ်နေလို့ လူတိုင်းက သူ့ကိုကြောက်ကြပေမဲ့ ဂျိုလ်ဆီဘ၀မှာ အကြောက်ဆုံးလူကတော့ သူ့အမေဘဲဖြစ်တယ်။တစ်နေ့မှာ ဂျိုလ်ဆီတစ်ယောက် သူငယ်ချင်းဂျယ်ရီရဲ့ အချစ်ရေးမှာ၀င်ပါပြီး ဂျယ်ရီရည်းစားအင်ဒူလ်ရဲ့အိမ်ကိုသွားပြီးတော့ အင်ဒူလ်ဦးလေးတွေနဲ့ ရန်ဖြစ်ပြီး အင်ဒူလ်ကိုခိုးလာပေးပေမဲ့ ဂျယ်ရီက အင်ဒူလ်ကို လက်မခံခဲ့တာကြောင့် ဒုက္ခရောက်နေပါတော့တယ်။အင်ဒူလ်မိသားစုကလဲ ဂျိုလ်ဆီကို အမှုဖွင့်ထားတာကြောင့် ဂျိုလ်ဆီတစ်ယောက် အင်ဒူလ်ကို မိဘအိမ်ပြန်ပို့ပေးဖို့လုပ်ပေမဲ့ အင်ဒူလ်ငြင်းဆန်မှုကြောင့် အင်ဒူလ်အလုပ်လုပ်တဲ့ချန်နိုင်းကို ရောက်လာခဲ့တယ်။အဲ့အချိန်မှာဘဲ ဂျယ်ရီဟာ လူမိုက်ဂိုဏ်းကြီးတစ်ခုရဲ့ လျို့၀ှက်ချက်ကို သိသွားပြီး အသတ်ခံလိုက်ရတဲ့အပြင် အင်ဒူလ်ကိုပါ လူမိုက်တွေက သတ်ဖို့စီစဥ်နေတာကြောင့် မွေးရပ်မြေကို ပြန်လို့မရတဲ့ ဂျိုလ်ဆီတစ်ယောက် အင်ဒူလ်ကို ကာကွယ်ပေးဖို့ဖြစ်လာခဲ့တယ်။သူအကျွမ်းတ၀င်မရှိတဲ့မြို့ပြကြီးချန်နိုင်းမှာ အန္တရာယ်များတဲ့လူမိုက်တွေလက်ထဲကနေ အင်ဒူလ်ကို ဂျိုလ်ဆီတစ်ယောက်ကာကွယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း