ဇာတ်ကားများ ရွေးရန်

Pradhan

2023ဇာတ်ကားWeb-dl 1080p

ဓမ္မက အဓမ္မကိုအနိုင်ယူနိုင်ကြောင်း သရုပ်ဖော်ထားတဲ့ 2023ထွက် ဘင်္ဂါလီအက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။ အဂတိလိုက်စားမှုမရှိဘဲ လူထုကောင်းကျိုးကိုသာ ရှေးရှူတတ်တဲ့ရဲအရာရှိဒီပတ်ခ်ပရာဟန်ဟာ ဒါမာပူရ်မြို့ကို ရွေးကောက်ပွဲကာလအတွင်းတာဝန်ယူဖို့ ပြောင်းရွှေ့မိန့်ကျလာခဲ့တယ်။ အမိန့်ကိုနာခံရင်း အဲ့ဒီမြို့လေးထဲမှာ ကြုံရသမျှမတရားမှုတွေကို ဘက်မလိုက်ဘဲ ဖြေရှင်းအရေးယူရာက လူတစ်ဦးချင်းစီရဲ့အခက်အခဲတွေ မတရားမှုတွေကိုလိုက်ဖြေရှင်းပေးရင်း လေးစားသူပေါသလို ရန်သူလည်းပေါလာတော့တာပေါ့။ နောက်တော့ ဒီမတရားမှုတွေဟာ ဒေသခံအကြီးအကဲဆီကမြစ်ဖျားခံလာတယ်ဆိုတာကို သိလိုက်ရပြီးတဲ့နောက်မှာ ဒီနယ်မြေမှာနေထိုင်တဲ့လူထုကောင်းစားရေးအတွက် တန်ပြန်အစီအစဉ်တွေချပါတော့တယ်။ မတရားမှုကိုလက်မခံနိုင်တဲ့ဒီပတ်ခ်ပရာဟန်တစ်ယောက် ဒီနယ်မြေထဲမှာကြီးစိုးနေတဲ့မတရားမှုတွေကို ဘယ်လိုဖြေရှင်းမလဲ။ ဖြေရှင်းရင်းနဲ့ ဘယ်လိုအခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်ရမလဲဆိုတာကို တစ်စက္ကန့်မလပ်စိတ်ဝင်တစားကြည့်ရှုရမှာမို့ လက်လွှတ်မခံသင့်တဲ့ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း