Lucky Stars Go Places
App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Lucky Stars Go Places လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးက 1986 ခုနှစ်မှာ ဒါရိုက်တာ Eric Tsang ရိုက်ကူးထားတဲ့ ဟောင်ကောင်အက်ရှင်ဟာသဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားကြီး Sammo Hung, Andy Lau တို့ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက 80 ခုနှစ်များအတွင်းက ဟောင်ကောင်ရုပ်ရှင်တွေမှာ တွေ့ရလေ့ရှိတဲ့ ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ တရုတ် ရဲတပ်ဖွဲ့က စိန်တွေ တရားမဝင်ရောင်းဝယ်နေသည့် ဂိုဏ်းကို ဖမ်းဖို့လိုက်ရှာနေလေတယ်။ ဒါပေမယ့် အဲဒီဂိုဏ်းတွေကိုဖမ်းဖို့ ဓားပြ ကျဲဖူချိုင်ရဲ့ အကူအညီကို လိုလာပါတော့တယ်။ ကျဲဖူချိုင်က သူ့အဖွဲ့ကို ရဲတွေနဲ့ ပူးပေါင်းတဲ့နေရာမှာ အတူပါဝင်ဖို့ အကူအညီတောင်းပေမယ့် သူတို့ကသဘောမတူတာကြောင့် လူသစ်တွေရှာရပါတော့တယ်။ အဲဒီမှာ ဘယ်လိုလူမျိုးတွေနဲ့တွေ့သွားမလဲ လူဆိုးဂိုဏ်းကိုရော အနိုင်ရသွားမလားဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ အက်ရှင်ခန်းတွေရော ဟာသတွေပါ ရောပြီး ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို အညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Moe Nandar Aye ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း