ဇာတ်ကားများ ရွေးရန်

Kotee

2024ဇာတ်ကားအမှတ် 7/10Web-dl 1080p

Koteeဇာတ်ကားမှာတော့ ကိုလ်တီဟာ ရိုးသားဖြောင့်မတ်ပြီး သမာအာဇီ၀နည်းလမ်းနဲ့ဘဲ ငွေရှာပြီး မိသားစုကို စောင့်ရှောက်နေသူဖြစ်တယ်။ကိုယ်ပိုင်တက္ကစီလေး၀ယ်ချင်လို့ ကိုလ်တီတစ်ယောက် ဂျာနာတာမြို့က ငွေတိုးချေးစားလူမိုက်ဆာဗ်ကာဆီကနေ ငွေချေးခဲ့တယ်။ဆာဗ်ကာက လက်ဖြောင့်တဲ့သေနတ်သမားတစ်ယောက်ကို ရှာနေပြီးတော့ ကိုလ်တီရဲ့အရည်အချင်းကိုတွေ့ကာ ကိုလ်တီကို သေနတ်သမားလုပ်ဖို့ အပေးအယူတစ်ခုကမ်းလှမ်းခဲ့တယ်။ဒုစရိုက်မှုတွေနဲ့ မပတ်သတ်ချင်တဲ့ ကိုလ်တီဟာ ဆာဗ်ကာရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တယ်။ဆာဗ်ကာက သူ့ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တဲ့ကိုလ်တီကို ပြသာနာတက်အောင်လုပ်ပြီး အကြွေးနွံထဲနစ်ပြီး သူ့အပေးအယူကိုလက်ခံလာအောင် အတင်းအကြပ်စေခိုင်းခဲ့တယ်။အကြွေးနွံနစ်ပြီး မိသားစုနဲ့ဘဲ့ခြိမ်းခြောက်ခံလာရတဲ့ ကိုလ်တီတစ်ယောက် သူနေချင်တဲ့ရိုးသားဖြောင့်မတ်တဲ့ဘ၀မှာ ဆက်နေနိုင်ပါ့မလား။ဆာဗ်ကာရဲ့ကမ်းလှမ်းမှုကို လက်ခံပြီးတော့ ဒုစရိုက်အလုပ်တွေလုပ်ရတော့မှာလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း