ဇာတ်ကားများ ရွေးရန်

Gunner

2024ဇာတ်ကားWeb-dl 1080p

အက်ရှင်ကားပရိသတ်တွေအတွက် Gunner ဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Thor မင်းသား Chris Hemsworth ရဲ့အစ်ကိုဖြစ်တဲ့ Luke Hemsworth နဲ့ Morgan Freeman တို့အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်ပေါင်းများစွာပါဝင်သရုပ်ဆောင်ထားပါတယ်။လီဂန်နာဆိုတဲ့စစ်သားဟောင်းတစ်ယောက်ကသူ့ရဲ့ရဲရင့်မှုကြောင့်သမ္မတကြီးကိုယ်တိုင်ကတောင်ဂုဏ်ပြုဆုချီးမြှင့်ထားသူတစ်ယောက်ဖြစ်ပါတယ်။တစ်ခုလိုချင်ရင်တစ်ခုပေးဆပ်ရတယ်ဆိုတဲ့အတိုင်းပဲတိုက်ပွဲတွေကိုသွားနေတဲ့အချိန်မှာမိန်းမနဲ့ကလေးတွေကိုထားခဲ့ရတဲ့အတွက်သူပြန်လာချိန်မှာတော့မိသားစုနဲ့ဆက်ဆံရေးကသိပ်အဆင်ပြေမနေခဲ့ပါဘူး။အဲ့ဒါကြောင့်သားတွေနဲ့အဆင်ပြေဖို့အတွက်စခန်းချခရီးထွက်ဖို့လုပ်ခဲ့ပြီး တောထဲမှာသွားလာနေကြတဲ့အချိန်မှာ မမျှော်လင့်ပဲနဲ့မူးယစ်ဆေးဓာတ်ခွဲခန်းကြီးတစ်ခုကိုသွားတွေ့ပါတော့တယ်။အဲ့ဒီမှာရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်ပြီးလူဆိုးတွေကသူ့သားတွေကိုဖမ်းခေါ်သွားပါတော့တယ်။သူ့သားတွေနောက်ကိုပြန်လိုက်သွားရအောင်လည်း မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကဆရာကြီးတွေကသူ့ကိုတရားခံဆိုပြီးဖမ်းထားလိုက်တဲ့အခါမှာတော့သူ့သားတွေကိုပြန်ရဖို့ပိုဝေးသထက်ဝေးသွားပါတော့တယ်။ဒီလိုနဲ့ဂန်နာတစ်ယောက်သူ့သားတွေကိုပြန်ခေါ်နိုင်ဖို့အတွက်တရားဥပဒေတွေကိုဘယ်လိုချိုးဖောက်ပြီးဘယ်လိုအစွမ်းကုန်ကြိုးစားသွားမယ်ဆိုတာကိုတွေ့ရမဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း