Crescent City
ဇာတ်သိမ်းအထိ တရားခံဘယ်သူဘယ်ဝါမှန်းသေချာမသိရတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ရဲစုံထောက်ဇာတ်ကားကောင်းမျိုးတွေကြည့်ရှုချင်သူတွေအတွက် Crescent City ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ပုံမှန်ကြည့်နေကျစုံထောက်ကားတွေနဲ့မတူပဲ အချိုးအကွေ့ပေါင်းများစွာ လှည့်ကွက်ပေါင်းများစွာနဲ့ပြည့်နှက်နေတဲ့အတွက်ကြည့်ရှုသူစိတ်ကိုသေချာဆွဲဆောင်နိုင်မှာတော့အမှန်ပါပဲ။လစ်တဲရော့ခ်ဆိုတဲ့မြို့ကလေးမှာ လူသတ်မှုတွေဆက်တိုက်ဖြစ်နေခဲ့ပြီး အလောင်းတွေကလည်းတစ်ခုပြီးတစ်ခုပေါ်ထွက်လာနေခဲ့ပါတယ်။ရဲတွေအလွယ်တကူဖြေရှင်းလို့မရအောင်လက်စလက်နချန်ထားခဲ့တတ်တဲ့ကွင်းဆက်လူသတ်သမားဖြစ်နေတဲ့အတွက်ဖမ်းမိဖို့နေနေသာသာ လူသတ်သမားကိုသိဖို့ဆိုတာတောင်ဝေးလို့နေခဲ့ပါတယ်။ဒါပေမယ့်အဲ့ဒီလူသတ်သမားမှာထူးခြားတာတစ်ခုကတော့သူ့သားကောင်တွေအားလုံးကိုခေါင်းဖြတ်သတ်ပြီး အရုပ်ခေါင်းတစ်ခုချန်ချန်ထားခဲ့တာပါပဲ။ဒီတော့လစ်တဲရော့ခ်ရဲဌာနကအဲ့ဒီအမှုကိုဖြေရှင်းဖို့အတွက်ဌာနမှာအတော်ဆုံးအတွဲဖြစ်တဲ့ ဘရိုင်ယန်နဲ့လုခ်ကိုတာဝန်ပေးခဲ့ပါတော့တယ်။ဒါပေမယ့်လူသတ်သမားရဲ့ပိရိမှုကြောင့်အမှုဖြေရှင်းဖို့ကြန့်ကြာနေတဲ့အတွက်တော်ဆာကအေးဂျင့်ဂျက်ကလင်းဝါးတားကိုပါစေလွှတ်ပြီးအတူဖြေရှင်းခိုင်းခဲ့ပါတော့တယ်။ဒီလိုနဲ့သူတို့ ၃ ယောက်အရုပ်ခေါင်းတွေချန်ထားတတ်တဲ့ ရက်စက်တဲ့ကွင်းဆက်သမားကိုအတူလိုက်လံစုံစမ်းရှာဖွေရာကနေ မမျှော်လင့်ထားတဲ့ဘယ်လိုအရာတွေကိုကြုံတွေ့လာရမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း