The Duel
ဒီနေ့ခေတ် လူ့အသိုင်းအဝိုင်းရဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ယောကျာ်းပီသမှုအယူအဆ သဘောတရားကို သရော်ထားပါတယ်။ ရှေးတုန်းက မကျေနပ်တာရှိရင် Duel လို့ခေါ်တဲ့ သေနတ်ယှဉ်ပစ်ပြီး ဖြေရှင်းတဲ့နည်းကို ဂုဏ်ယူစရာ ယောကျာ်းပီသတဲ့လုပ်ရပ်ဆိုပြီး တစ်ခေတ်ပြန်ဆန်းသစ်ချင်တာကြောင့် သတ္တိခဲဖြစ်မလား မိုက်မဲတာဖြစ်မလား အတွေးပွားစေမှာပါ။ အကျဉ်းချုပ်ပြောရရင် ကောလင်းနဲ့ဝူဒီတို့က အထက်တန်းက ညီအစ်ကိုလိုချစ်တဲ့ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နဲ့အတူ ကယ်ဗင်နဲ့ ဆမ်တို့နှစ်ယောက်လည်းပါပြီး လေးယောက်တစ်ဖွဲ့ ပေါင်းခဲ့တာပါ။ ဖြစ်ချင်တော့ ကောလင်းက ကျောင်းပါတီမှာ ဝူဒီရဲ့ချစ်သူနဲ့ ပတ်သက်မိရာကနေ ဝူဒီမသိအောင် တွဲဖြစ်သွားပြီး သစ္စာဖောက်ခဲ့မိပါတယ်။ ဒါကို သိသွားတဲ့အချိန် ဝူဒီက ကောလင်းအဖေမဆုံးခင် နောက်ဆုံးလုပ်ပေးခဲ့တဲ့ surf board ကို မီးရှို့ပစ်ပြီး ဟိုးအရင်ကလူတွေလုပ်သလိုမျိုး သေနတ်ချင်းယှဉ်ပစ်မယ်ဆိုပြီး စိန်ခေါ်ခဲ့ပါတယ်။ ကောလင်းကလည်း ဒါကိုလက်ခံလိုက်ပြီး ပွဲဖြစ်မြောက်အောင် အမှောင်လောကက မူးယစ်ရာဇာနဲ့ စီစဉ်ပြီး အနိုင်အရှုံးဆုံးဖြတ်ကြပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း