ဇာတ်ကားများ ရွေးရန်

Grrr...

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၈ ခုနှစ်တုန်းက Thiruvananthapuram တိရစ္ဆာန်ရုံကနေ ထွက်ပြေးသွားတဲ့ ခြင်္သေ့တစ်ကောင်ရဲ့ တကယ့်ဖြစ်ရပ်မှန်လေးကို ရိုက်ကူးထားတဲ့ Grrr ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Jay K ရိုက်ကူးပေးထားပြီး Kunchacko Boban နဲ့ Suraj Venjaramoodu အပြင် တခြားသော သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရဂျီမွန်နာဒါဆိုတဲ့ ကောင်လေးဟာ ရာချနာဆိုတဲ့ ကောင်မလေးနဲ့ ရည်းစားတွေပါ ဒါပေမဲ့ ရာချနာ့အဖေက နိုင်ငံရေးသမားဖြစ်တဲ့အပြင် အရမ်းလည်း စည်းကမ်းတင်းကြပ်ပါတယ်။ သူတို့ချင်း ကြိုက်နေတာကို အဖေဖြစ်သူက သဘောမကျလို့ ရာချနာက ရဂျီမွန့်ကို ခိုးပြေးဖို့ ပြောပါ လေရော။ အဲဒီ‌နောက်တော့ ရဂျီမွန်လည်း ရာချနာနဲ့ ခိုးပြေးဖို့ ချိန်းထားပေမဲ့ ချိန်းထားတဲ့ နေ့ ချိန်းထားတဲ့ အချိန် ချိန်းထားတဲ့ နေရာမှာ ရာချနာက ပေါ်မလာလို့ ရည်းစားဆီက အပစ်ခံရပြီ အထင်နဲ့ စိတ်ညစ်ပြီး အရက်သောက်ရင်း မူးရူးနေရာကနေ တိရစ္ဆာန်ရုံထဲက ခြင်္သေ့သားရဲတွင်းထဲကို ခုန်ဆင်းသွားပါတော့တယ်။ အဲဒီမှာ ရုံက ဝန်ထမ်းတွေထဲက အရာရှိတစ်ယောက်ကပါ ဝင်ကယ်ရင်း မီးသတ်တပ်ဖွဲ့တွေလည်း ပါလာသလို မီဒီယာကနေတဆင့် ဟိုးလေးတကျော်ကျော် ဖြစ်သွားတဲ့ အခါမှာတော့.... ဘာတွေများ ဆက်ဖြစ်ကြဦးမလဲ ဆိုတာကိုတော့ အချစ်ဟာသ အရောလေးနဲ့ ကြည့်ရှုခံစားပေးပါဦးလို့ တိုက်တွန်းပါရစေရှင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း