ဇာတ်ကားများ ရွေးရန်

Hell Hole

2024ဇာတ်ကားWeb-dl 1080p

ထူးထူးဆန်းဆန်းမကောင်းဆိုးဝါးကြီးတွေနဲ့ကြောက်စရာကောင်းတဲ့ဇာတ်ကားတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Hell Hole ဖြစ်ပြီး ရိုးရိုးတန်းတန်းဇာတ်ကားတွေကြည့်နေရလို့ပျင်းနေရင် အပျင်းပြေကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ရေနံတူးဖို့အတွက်ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကိုရောက်ရှိနေကြတဲ့ အမ်မလီရဲ့အဖွဲ့သားတွေကရေကြီးမှုကြောင့်လမ်းတွေရေမြှုပ်နေလို့ဘာမှမလုပ်ရပဲ ပစ္စည်းတွေရောက်လာမှာကိုထိုင်စောင့်နေရပါတယ်။နောက်ဆုံးမှာတော့လိုအပ်တဲ့ကားတွေ ပစ္စည်းတွေရောက်ရှိလာပြီး စတင်မြေတူးပါတော့တယ်။မြေစစတူးချင်းမှာပဲမြေကြီးထဲမှာလူတစ်ယောက်အသက်ရှင်လျက်ရှိနေတာကိုတွေ့လိုက်ရပြီး ချက်ချင်းတူးဖော်ကယ်ဆယ်ခဲ့ကြပါတယ်။ဒါပေမယ့်အဲ့ဒီလူကနှစ်ပေါင်းများစွာကြာအောင် မြေကြီးထဲမှာနေထိုင်ခဲ့ပြီးဘယ်လိုဖြစ်လို့အသက်ရှင်လျက်ရှိနေသေးတာလဲဆိုတာကတော့မေးခွန်းထုတ်စရာပါပဲ။ဒီလိုနဲ့အဖြေရှာနေကြတုန်း အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကပ်ပါးကောင်ကတစ်ယောက်ပြီးတစ်ယောက်ကိုကူးစက်ကာ စခန်းတစ်ခုလုံးကိုမွှေနှောက်ရင်းနဲ့ အဲ့ဒီကပ်ပါးကောင်ရဲ့နောက်ကွယ်မှာဘယ်လိုစိတ်ဝင်စားစရာအကြောင်းအရာတွေရှိနေမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း