Oddity
IMDB – 7.3 လောက်ရရှိထားတဲ့ Horror/ Thriller ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းစစချင်းမှာ ညဘက် ဒန်နီ တစ်ယောက်တည်းရှိနေချိန် စိတ်ရောဂါဝေဒနာရှင်တစ်ယောက်က ဒန်နီရဲ့ အိမ်ထဲကို လူစိမ်းတစ်ယောက် ရောက်နေကြောင်း၊ ဒန်နီ ဒုက္ခရောက်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကိုအိမ်ထဲ ဝင်ခွင့်ပြုဖို့ တောင်းဆိုတာကို မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ ဒန်နီတစ်ယောက် ရုပ်ပျက်ဆင်းပျက် ဖြစ်အောင်ကို သူမအိမ်ထဲမှာပဲ သူမ အသတ်ခံလိုက်ရပါတော့တယ်။ ဒန်နီမှာ ရုပ်ချင်းဆင်တူတဲ့ ဒါစီဆိုတဲ့ အမြွှာညီမတစ်ယောက်လည်းရှိပြီး သူမက အကြားအမြင်ရကာ အောက်လမ်းအတတ်လိုမျိုးကိုလည်း တတ်မြောက်ထားပါသေးတယ်။ ဒန်နီကိုသတ်တာက ဘယ်သူလဲ... ဘာအကြောင်းကြောင့်သတ်တာလဲ... စတာတွေကို အမြွှာညီမဖြစ်သူ ဒါစီက လိုက်လံဖော်ထုတ်ကာ သူမ တတ်ကျွမ်းထားတဲ့ပညာရပ်တွေနဲ့ ကလဲ့စားချေပုံကို စိတ်ဝင်တစား ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)
ဇာတ်လမ်းအကြောင်း