ဇာတ်ကားများ ရွေးရန်

Tòkunbò

2024ဇာတ်ကားWeb-dl 1080p

ရုပ်ရှင်လောကမှာဟောလီး၀ုဒ်ကိုလိုက်မှီဖို့အမြဲတမ်းကြိုးစားအားထုတ်ပြီး အသစ်အဆန်းတွေကိုချပြနေတဲ့ နိုက်ဂျီးရီးယားရုပ်ရှင်လောကရဲ့ Tokunbo ဆိုတဲ့ Netflix တန်းဝင်ဇာတ်ကားသစ်လေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားအမျိုးအစားကတော့အက်ရှင် ဒရာမာဖြစ်ပြီး ပြီးပြီးရောမဟုတ်ပဲ သေချာကြိုးစားအားထုတ်ပြီးရိုက်ထားတဲ့စိတ်လှုပ်ရှားစရာဇာတ်လမ်းဇာတ်ကွက်တွေကိုချပြထားတာတွေ့ရမှာဖြစ်ပါတယ်။တိုကွန်ဘိုဆိုတဲ့လူက ကားမောင်းတာအရမ်းကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး အစိုးရလက်ချက်ကြောင့်ငွေကြေးကြပ်တည်းမှုကိုရင်ဆိုင်နေရတဲ့လူတွေအများကြီးထဲကတစ်ယောက်ဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲသူ့အရည်အချင်းကိုအသုံးချ‌ပြီး ရဲတွေမမိအောင်ကားတွေကိုမှောင်ခိုပို့ပေးရတဲ့အလုပ်ကိုလုပ်ကိုင်ဖြစ်ခဲ့ပါတော့တယ်။ဒါပေမယ့်သူ့ဘ၀ထဲကိုသားလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက်မှာတော့အဲ့ဒီအလုပ်ကိုစွန့်လွှတ်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ကိုင်တဲ့လမ်းကိုရွေးချယ်ခဲ့ပါတော့တယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာမပေးတဲ့အခါမှာတော့ သူ့သားလေးကဆေးရုံကဆေးဝါးတွေနဲ့အသက်ဆက်နေရပြီး သူ့သားကိုကုသဖို့အတွက်ငွေတွေအများကြီးလိုအပ်လာခဲ့ပါတော့တယ်။ဒီလိုနဲ့မတတ်သာပဲ အလုပ်ရှင်ဟောင်းဆီမှာ အလုပ်သွားတောင်းတဲ့အခါမှာ မရလာပေမဲ့ နိုင်ငံအဆင့်နဲ့ချီတဲ့ဒုစရိုက်အလုပ်ကြီးတစ်ခုကသူ့လက်ထဲအလိုအလျောက်ရောက်လာတဲ့အခါမှာ သူ့သားလေးကိုကယ်တင်ဖို့အဲ့ဒီအလုပ်ကိုအောင်မြင်အောင်လုပ်နိုင်ပါ့မလား သူ့ခရီးစဉ်တစ်လျှောက်မှာရော ဘာတွေကြုံတွေ့သွားရမယ်ဆိုတာကိုကြည့်ရှုရမဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း