Babes
ငယ်ငယ်တည်းက အတူရှိလာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က အပြန်အလှန်ဖေးမပေးရင်း အခက်အခဲတွေ ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းကြပြီး သူတို့ကလေးတွေအတွက် ကြိုးစားတာကို ဖော်ကျူးထားတာပါ။ Single mom တွေရဲ့ အခက်အခဲ ကြောက်ရွံ့အားငယ်မှုတွေနဲ့ ကလေးတွေကို အလုပ်တစ်ဖက်နဲ့စောင့်ရှောက်ရတဲ့ မိခင်တွေရဲ့ စိတ်ကိုထင်ဟပ်နေပါတယ်။ ဒေါင်းန်နဲ့အီဒင်တို့က အရမ်းချစ်တဲ့သူငယ်ချင်းတွေဖြစ်ပြီး ဒေါင်းန်က သူ့အမျိုးသားနဲ့ဒုတိယကိုယ်ဝန်ရပြီး မီးဖွားပြီးကာစဖြစ်ပါတယ်။ အီဒင်ကတော့ လွတ်လွတ်လပ်လပ်နေတတ်ပြီး တစ်ရက်မှာ တစ်ညတာအဖော်နဲ့ မှားမိရာကနေ မထင်မှတ်ဘဲ ကိုယ်ဝန်ရသွားပါတယ်။ ပိုဆိုးတာက သူမှားခဲ့တဲ့လူက အစာနင်ပြီး ဆုံးသွားတာပါ။ အဲ့မှာပဲ Single Mom ဖြစ်ဖို့ ရွေးချယ်လိုက်တဲ့ အီဒင်က ဒေါင်းန်အကူအညီနဲ့ ကလေးလေးကို ရှောရှောရှူရှုမွေးဖို့ ပြင်ဆင်ရပါတော့တယ်။ တစ်ဖက်မှာလည်း ဒေါင်းန်က သူ့မိသားစုနဲ့သူဗျာများနေပြီး မအားလပ်အောင်ကို အလုပ်များနေခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းတွေကြား ကတောက်ကဆဖြစ်ပြီး နောက်ဆုံးမှာ မိသားစုလိုဖြစ်နေတာမို့ ပြန်လည် သင့်မြတ်အောင် ကြိုးစားတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း