Munjya
ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို Horror Comedy ဇာတ်ကားကောင်းလေးဖြစ်တဲ့ Munjya နဲ့ မိတ်ဆက်ပေးပါရစေ။ IMDb rating အနေနဲ့ဆိုရင်တော့ 6.8 ရရှိထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ မဟာရက်ရှ်တရီယန်ရိုးရာပုံပြင်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ ၁၉၅၂ ခုနှစ်တုန်းက ကွန်ကန်ရွာက ဂို့တယာဆိုတဲ့ ကောင်လေးဟာ သူ့ထက် ၇ နှစ်ကြီးတဲ့ မွန်နီဆိုတဲ့ ကောင်မလေးကို ချစ်မိနေခဲ့ပါတယ်။ ဒါပေမဲ့ မွန်နီက တခြားလူနဲ့ လက်ထပ်မှာကို သိတော့ အောက်လမ်းသုံးပြီး မွန်နီနဲ့ လက်ထပ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဂို့တယာကိုယ်တိုင်ပဲ သေသွားခဲ့ရပါတယ်။ ဂို့တယာဟာ သေသွားပြီးတဲ့နောက်မှာတော့ မွန်ဂျာလို့ အမည်ရတဲ့ နတ်ဆိုးဖြစ်သွားပါတော့တယ်။ ဆယ်စုနှစ်များစွာ ကြာပြီးတဲ့နောက် ပူနဲမြို့က ဘစ်တူးလို့ ခေါ်တဲ့ ဆံသသမားလေးဟာ ဝမ်းကွဲဖြစ်သူ စေ့စပ်ပွဲကြောင့် သူ့အမေ အဘွားနဲ့အတူ အမျိုးတွေရှိတဲ့ ကွန်ကန်ရွာကို ပြန်သွားခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘစ်တူးဟာ ဦးလေးဖြစ်သူနဲ့ စကားများရင်း ကျိန်စာသင့်နေတဲ့ နေရာကို သွားမိရာကနေ မွန်ဂျာ ဝင်ပူးတာတွေ ခံရသလို မွန်ဂျာက ဘစ်တူးချစ်ရတဲ့ ကောင်မလေးနဲ့ လက်ထပ်ဖို့ ကြိုးစားလာတဲ့ အချိန်မှာတော့......မွန်ဂျာက ဘယ်လိုနတ်ဆိုးမျိုးလဲ ဘာလို့ သူက နတ်ဆိုးဖြစ်သွားရတာလဲ ဘစ်တူးကရော မွန်ဂျာ့ကို တားနိုင်ပါ့မလား သူတို့နှစ်ယောက်ကရော ဘယ်လိုမျိုးပတ်သက်မှုတွေ ရှိတာလဲဆိုတာကိုတော့ ပရိသတ်ကြီးက ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုအားပေးကြပါဦးရှင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း