Race For Glory : Audi Vs Lancia
ကားချစ်သူဝါသနာရှင်များအတွက် စိတ်ဝင်စားစရာကောင်းမဲ့ အသိပညာလည်းရစေမဲ့ Biography ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားကတော့တခြားမဟုတ်ပါဘူး တစ်ခေတ်တစ်ခါကလမ်းကြမ်းကားပြိုင်ပွဲတွေမှာ အကောင်ကြီးတွေဖြစ်ခဲ့တဲ့ Audi နဲ့ Lancia တို့ကြားကအားပြိုင်မှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့နိုင်အောင်ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။နာမည်ကလည်း Race For Glory : Audi Vs Lancia ပဲဖြစ်ပြီး IMDb Rating 5.8 အထိရရှိထားပါတယ်။၁၉၈၂ ခုနှစ်ပတ်ဝန်းကျင်လောက်မှာ လမ်းကြမ်းကားပြိုင်ပွဲတွေကအရမ်းခေတ်စားလာခဲ့ပြီးကမ္ဘာ့နံပါတ် ၁ တီဗီအားကစားဖြစ်လာခဲ့ပါတယ်။ပြိုင်ပွဲတွေကဒီလိုနာမည်ကြီးလာတာနဲ့အမျှ ကားကုမ္ပဏီတွေကလည်းပြိုင်ပွဲတွေမှာအနိုင်ရဖို့အတွက်သူတို့ကားတွေကိုအကောင်းဆုံးအဆင့်မြှင့်အပြိုင်အဆိုင်ထုတ်လုပ်လာခဲ့ကြပါတယ်။အဲ့ဒီထဲကမှပြိုင်ဆိုင်မှုအပြင်းထန်ဆုံးကတော့ Audi နဲ့ Lancia ကားကုမ္ပဏီ ၂ ခုပဲဖြစ်ပါတယ်။Audi တွေလမ်းကြမ်းကားပြိုင်ပွဲလောကထဲဝင်လာကတည်းက Lancia အတွက်ရှုံးနိမ့်မှုတွေပဲတောက်လျှောက်ကြုံတွေ့ခဲ့ရပါတယ်။အဓိကအကြောင်းအရင်းကတော့ဂျာမန်ကုမ္ပဏီဖြစ်တဲ့ Audi က Four-Wheel လေးဘီးမောင်းစနစ်ကိုဦးအောင်တီထွင်သုံးစွဲနေနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီနည်းပညာကိုရဖို့ဆိုတာတော်ရုံလွယ်ကူတာမဟုတ်တဲ့အတွက် Lancia အတွက်ကတော့အနိုင်ရဖို့ခက်ခဲသထက်ပိုခက်ခဲနေခဲ့ပါတယ်။ဒါပေမယ့် Lancia ရဲ့မလျှော့သောဇွဲနဲ့ပြင်းထန်တဲ့လုံလတို့ပေါင်းစည်းပြီး နှစ်ဘီးမောင်းကားသစ်တစ်စီးကိုထုတ်ကာ 1983 ခုနှစ်ကမ္ဘာ့ချန်ပီယံရှစ်မှာ Audi ရဲ့လေးဘီးမောင်းနည်းပညာကိုအနိုင်ယူသွားပုံတွေကိုစိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း