Goldbuster
အသစ်ပြန်လည်ပြုပြင်မှာကြောင့် အဆောက်ဦးကို ဖြိုချဖို့လုပ်နေပေမယ့် ထွက်မသွားပေးဘဲ တောင့်ခံနေတဲ့ မိသားစုလေးခု ကျန်နေသေးလို့ သူဌေးရဲ့သားဖြစ်သူက လူနှစ်ယောက်ကိုငှားထားပြီး သရဲခြောက်ခိုင်းထားတယ်။ မိန်းမဖြစ်သူရဲ့ဝိဉာဉ်ပြန်လာမှာကိုစောင့်နေလို့ ဘယ်လိုပဲခြောက်ခြောက်မကြောက်တဲ့ ကလေးတစ်ယောက်အဖေ မုဆိုးဖို ဆေးဆရာတစ်ယောက်။ လိုင်းပေါ်ဆက်ဆီကျကျ live တွေလွှင့်ပြီး ငွေရှာတဲ့ကောင်မလေးကို ခြောက်လိုက်ပေမယ့် လိုင်းပေါ်မှာ သရဲခြောက်ခံရတဲ့ဗီဒ္ီယိုကြောင့် ပိုနာမည်ကြီးသွားတယ်။ သိပ္ပံကြောင်လင်မယားနှစ်ယောက်ကို အဆင့်မြင့်နည်းပညာနဲ့ ခြောက်လိုက်ပေမယ့် ဘာမှမထူး။ နောက်ဆုံး ဘာကိုမှမကြောက်တတ်တဲ့ ဟောင်ကောင်ဂန်းစတားးဟောင်းနှစ်ယောက်ကိုတော့ ဘယ်လိုခြောက်လွှတ်ရမလဲမသိ။ ခြောက်စရာနည်းလမ်းမရှိတော့လို့ ခေါင်းခြောက်နေတဲ့ကြားက သူဌေးကောတာခံနေရတဲ့ လူနှစ်ယောက်ရယ်။ တစ်နှစ်ကျော်နှစ်နှစ်နီးပါးထိ ဘယ်မှ ထွက်မသွားဘဲတောင့်ခံနေတဲ့ လူ ၇ ယောက်ရယ် အဆောက်ဦးဟောင်းကြီးမှာ နေနေကြတယ်။ တောင့်ခံနေတဲ့ကြတဲ့သူတွေဟာ သရဲတကယ်ရှိတယ်ဆိုရင် သရဲနှင်မယ်ဆိုပြီး နာမည်ကြီးသရဲနှင်သူ တစ်ယောက်ကိုငှားလိုက်တယ်...။ သူတို့တွေ ငှားလိုက်တဲ့သူကရော ဘယ်လိုလူမျိုးလဲ ဘာတွေဆက်ဖြစ်မလဲဆိုတာတွေကို ဟာသဆန်စွာနဲ့ရိုက်ထားတာဖြစ်ပြီး ပေါ့ပေါ့ပါးပါးကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ကြည့်ရင်း စိတ်အပန်းဖြေလိုက်ကြပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Su ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း