ဇာတ်ကားများ ရွေးရန်

Trap

2024ဇာတ်ကားWeb-dl 4K SDR

Oppenheimer တို့ Die Hart တို့လိုနာမည်ကြီးဇာတ်ကားတွေမှာဇာတ်ပို့အနေနဲ့ဇာတ်လမ်းကိုပံပိုးပေးခဲ့တဲ့ ရင်းနှီးနေသလိုလည်းမဟုတ် စိမ်းနေသလိုလည်းမဟုတ်တဲ့မျက်နှာနဲ့မင်းသား Josh Hartnett ကိုယ်တိုင် ဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Trap ဖြစ်ပြီးလက်ရှိ IMDb Rating 6.2 အထိရရှိထားပါတယ်။ဒီဇာတ်လမ်းကိုအဓိကဆွဲဆောင်သွားတာကတော့စိတ္တဇကွင်းဆက်လူသတ်သမားနဲ့ အရမ်းချစ်ခင်ခံရတဲ့အိမ်ထောင်ဦးစီးတစ်ယောက် အဖေကောင်းတစ်ယောက်ရဲ့ဇာတ်ကောင်နှစ်ခုကို Mood Swing တွေသေချာပြောင်းလဲပြီးပီပြင်အောင်သရုပ်ဆောင်နိုင်ခဲ့တဲ့ Josh ရဲ့သရုပ်ဆောင်ချက်တွေကြောင့်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ကူးပါးနဲ့ရိုင်လေဆိုတဲ့သားအဖနှစ်ယောက်ပျော်ပျော်ပါးပါး သမီးဖြစ်သူအရမ်းကြိုက်တဲ့အဆိုတော်တစ်ယောက်ရဲ့ရှိုးပွဲကိုသွားနေကြတာကိုတွေ့ရမှာဖြစ်ပါတယ်။စစချင်းမှာတော့အားလုံးသာယာအဆင်ပြေပျော်ရွှင်နေခဲ့ပေမဲ့ ခဏအကြာမှာတော့ပွဲလုပ်တဲ့နေရာကို ရဲတွေရော အထူးတပ်ဖွဲ့တွေပါရောက်လာပြီးဝိုင်းထားလိုက်ပါတော့တယ်။သူတို့ရဲ့စစ်ဆင်ရေးကတော့ ဒီနေ့အဲ့ဒီရှိုးပွဲမှာသေချာပေါက်ရှိနေမ‌ဲ့ ကွင်းဆက်လူသတ်သမားကိုထောင်ချောက်ဆင်ဖမ်းဖို့ပါပဲ။ဒီလိုနဲ့အမှတ်မထင်ကူးပါးကအဲ့ဒီရဲတွေကိုတွေ့သွားတဲ့အချိန်မှာ သူ့သမီးနဲ့ပျော်နေတဲ့အပျော်တွေပျောက်သွားပြီး ဒီနေရာကနေထွက်သွားနိုင်ဖို့ပဲစတင်ကြိုးစားနေခဲ့ပါတော့တယ်။ဘာကြောင့်ဆိုတာကိုတော့ရိပ်မိနေလောက်ပြီဆိုပေမဲ့ ဇာတ်ကားထဲကဇာတ်ကောင်တွေနဲ့အတူတူရင်ဖိုလှိုက်မောရင်းပဲကြည့်ရှုလိုက်ဖို့ညွှန်းပေးလိုက်ချင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း