ဇာတ်ကားများ ရွေးရန်

Connected

2008ဇာတ်ကားBlu-Ray 1080p

ဟောင်ကောင်မင်းသားကြီး Louis Koo နုစဉ် ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Connected ဆိုတဲ့ဇာတ်ကားဟာဆိုရင် တစ်ရက်တည်းမှာပဲ ဖြစ်ပျက်နေတဲ့အကြောင်းတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။ Bob ဟာ ကလေးတစ်ယောက်အဖေ အကြွေး‌လိုက်ကောက်သူဖြစ်ပြီး သားဖြစ်သူကိုပေးတဲ့ကတိတွေကို တစ်ခါမှ ကတိမတည်နိုင်တဲ့အဖေတစ်ယောက်။ သားဖြစ်သူဟာ အစ်မဖြစ်သူနဲ့ နိုင်ငံခြားကို ထွက်သွားတော့မယ့်နေ့မှာတောင် လေဆိပ်မှာ လာနှုတ်ဆက်ပါ့မယ်ဆိုတဲ့ကတိကို တည်နိုင်ဖို့အတွက် လေဆိပ်အသွား လမ်းမှာ သူ့ဆီကို ဖုန်းတစ်လုံး ၀င်လာခဲ့ပါတယ်။ ဖုန်းထဲက အမျိုးသမီးက သူပြန်ပေးဆွဲခံထားရကြောင်းနဲ့ အသတ်ခံရတော့မယ်ဆိုပြီး ပြောလာခဲ့တယ်။ Bob ဟာ အစကတော့ စနောက်တဲ့ဖုန်းလို့ထင်ခဲ့ပေမယ့် သေနတ်သံတွေကြားရပြီးချိန်မှာ ယုံကြည်သွားခဲ့ပြီး ဘယ်သူမှန်းမသိတဲ့အမျိုးသမီး အကူညီတောင်းတာကို အမှားအမှန်အကြောင်းအရာ ရေရေရာရာတစ်ခုမှမသိရဘဲ ‌ ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Su ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း