ဇာတ်ကားများ ရွေးရန်

Hi, Mom

2021ဇာတ်ကားWeb-dl 1080p

လူတွေအာလုံးဟာ မိဘတွေရဲ့ပုံစံကို စမှတ်မိချိန်မှာ မိဘတွေရဲ့ သက်လတ်ပိုင်းအရွယ်တွေကိုပဲ မှတ်မိကြတယ်။ ကိုယ့်ကိုကိုယ် မြန်မြန်အရွယ်ရောက်ချင်ကြတာကြောင့် မိဘတွေအိုစာသွားတာကို သတိမထားမိလိုက်ကြဘူး။ သူတို့ခေါင်းပေါ် ဆံပင်ဖြူတွေကို တွေ့လိုက်မှ ကိုယ်တိုင်ပါ အရွယ်‌ေရာက်လာခဲ့တော့မှ သူတို့ ငယ်ရွယ်တုန်းက ဘယ်လိုပုံစံမျိုး ရှိခဲ့ကြမလဲဆိုတာကို သိချင်လာမိကြတယ်။ သားသမီးတိုင်းဟာ မိဘ‌တွေအတွက် ဂုဏ်ယူနိုင်အောင်ပေးချင်ကြတဲ့သူတွေချည်းပဲဆိုပေမယ့် သူတို့တွေကို နာကျင်အောင်လုပ်မိကြတယ်။ မိသားစုတစ်ခုမှာ အမေနဲ့ယှဉ်လိုက်ရင် လူတိုင်းက တစ်ကိုယ်ကောင်းဆန်ကြတာပါပဲ။ အမေငယ်ရွယ်တုန်းက ဘယ်လိုပုံစံမျိုးလဲဆိုတာကို မထင်မှတ်တဲ့အချိန်မှာ သိခွင့်ရသွားခဲ့တဲ့ ကျားရှောင်လင်။ ဘ၀ရဲ့အဆိုးဆံုးအချိန်မှာ၂၀၀၁ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်ကို အချိန်ခရီးသွားခွင့်ရပြီး အရာရာကို ပြောင်းလဲခွင့်ရသွားတဲ့အခါမှာတော့.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း