Empire Queen: The Golden Age of Magic
ဒဏ္ဍာရီဆန်ဆန်ပုံပြင်တစ်ပုဒ် နားထောင်ရသလိုမျိုး မိသားစုနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် မှော်ကားဖြစ်ပါတယ်။ ဒီကားကို ဇာတ်လိုက်မင်းသားနှစ်ယောက်ကပဲ ဒါရိုက်တာလုပ် စာရေးဆရာလုပ်ပြီး ရိုက်ကူးထားတာပါ။ ရှေးရှေးတုန်းက အရပ်သားတွေကို မှော်ပညာသုံးခွင့်ပိတ်ပင်ထားတဲ့ အလယ်ရီယွန်တိုင်းပြည်မှာ ဟောကိန်းတစ်ခုရှိခဲ့ပါတယ်။ တစ်နေ့ကျရင် အကြီးအကဲတွေ လျှို့ဝှက်ထားတဲ့အကြွင်းမဲ့မှော်နှင်တံကို ကျေးတောသူမိန်းကလေးက ကိုင်ဆောင်ပြီး အင်ပါယာကို ရွှေခေတ်ဆီ လမ်းပြပေးလိမ့်မယ်တဲ့။ လက်ရှိမှာ အင်ပါယာက သုံးပိုင်းကွဲနေပြီး ညီအစ်မသုံးယောက်က တစ်ခုစီအုပ်ချုပ်ပါတယ်။ သူတို့ထဲ အကောက်ကျစ်ဆုံး ဘုရင်မဝင်ဒိုလင်က သုံးခုလုံးကို သူတစ်ယောက်တည်းအုပ်စိုးချင်တဲ့အတွက် နှင်တံရဖို့ တိတ်တဆိတ်အားထုတ်နေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဟောကိန်းထဲက မိန်းကလေးပေါ်ထွက်လာပြီး ဘုရင်မဘက်ကတပ်မှူးနဲ့ ရေတပ်ကပ္ပတိန်ကပါ ထိုမိန်းကလေးဆီ သစ္စာခံပြီး နှင်တံရှာဖွေဖို့ ခရီးစဉ်စတဲ့အခါ...ဘုရင်မရဲ့အနှောင့်အယှက်တွေကြားကနေ သူတို့သုံးယောက်ရဲ့ ခရီးစဉ်အောင်မြင်ပြီး မှော်ပညာရဲ့ရွှေခေတ်ကို ရောက်နိုင်မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း