Skincare
မိန်းကလေးတွေရဲ့ဘ၀မှာ အရေးအကြီးဆုံးမရှိမဖြစ်ပါဝင်နေတဲ့အရာတစ်ခုကိုပြောပါဆိုရင်တော့ Skincare ပစ္စည်းတွေနဲ့ Skincare လုပ်တာလို့ပြောရမှာပါပဲ။အဲ့ဒါကြောင့်ပဲ ဒီလိုအရမ်းအရေးကြီးတဲ့ထုတ်ကုန်ပစ္စည်းတွေကိုအပြိုင်အဆိုင်စတင်ထုတ်လုပ်လာခဲ့ကြတာ အခုဆိုရင်နိုင်ငံပေါင်းစုံ Brand ပေါင်းစုံနဲ့ရေတွက်လို့တောင်မရနိုင်တော့ပါဘူး။ဒီလိုနဲ့ပဲ Skincare လောကကြီးကအပြိုင်အဆိုင်တွေအရမ်းများလာပြီး မသမာမှုတွေ ဒုစရိုက်မှုတွေများစွာလည်းပေါ်ပေါက်ခဲ့ပါတယ်။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးထဲမှာတော့အဲ့ဒီပြိုင်ဆိုင်မှုတွေကြားမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်မှာအခြေခံထားတဲ့စိတ်ဝင်စားစရာအဖြစ်အပျက်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်က မှန်းနေစရာမလိုလောက်အောင် Skincare ပဲဖြစ်ပြီး IMDb Rating 6.1 အထိရရှိထားပါတယ်။ဟုပ်ဂိုးလ်မန်းဆိုတဲ့အမျိုးသမီးက Skincare လုပ်ပေးတဲ့ဆိုင်တစ်ဆိုင်ဖွင့်ထားခဲ့ပြီး နှစ်ပေါင်းများစွာကြိုးစားခဲ့ပြီးတဲ့နောက်မှာသူ့ကိုယ်ပိုင် Skincare ပစ္စည်းတွေကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။တီဗီအစီအစဉ်တွေကအစ ဆိုရှယ်မီဒီယာတွေအထိသူ့ကိုလူသိများစိတ်ဝင်စားနေခဲ့ကြပြီး သူ့ဘ၀အတွက်အမြင့်ဆုံးအချိန်ကိုရောက်ရှိလို့နေခဲ့ပါတယ်။ဒါပေမယ့် ကံဆိုးချင်တော့သူ့ဆိုင်ရှေ့တည့်တည့်မှာ တခြား Skincare ဆိုင်အသစ်လာဖွင့်ခဲ့ပါတယ်။အဲ့ဒီမှာတင်သူ့အတွက်ပြိုင်ဖက်ပေါ်လာခဲ့ပြီး သိပ်မကြာခင်မှာတင်သူ့ဘ၀ရဲ့အမြင့်ဆုံးအချိန်ကနေဟိုးအောက်ဆုံးကိုထိုးကျသွားတဲ့အခါမှာတော့ ဟုပ်တစ်ယောက် သူ့ဘ၀ကိုပြန်လည်ထူထောင်နိုင်အောင် ဘယ်လိုတွေကြိုးစားသွားမယ်ဆိုတာကိုကြည့်ရှုရမဲ့စိတ်ဝင်စားစရာဖြစ်ရပ်မှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း