ဇာတ်ကားများ ရွေးရန်

Weapon

2024ဇာတ်ကားWeb-dl 1080p

စူပါဟီးရိုးဇာတ်လမ်းတွေကို နှစ်ခြိုက်သူတွေအတွက် ဒီတစ်ခေါက်မှာတော့ အိန္ဒိယစူပါဟီးရိုးဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ "Weapon"ဆိုတဲ့ Action, Sci-Fi,Thrillerဇာတ်လမ်လေးတစ်ပုဒ်နဲ့ မိတ်ဆက်ပါရစေ။ ဇာတ်လမ်းနာမည်"လက်နက်"ဆိုတဲ့အတိုင်း ဇာတ်လမ်းထဲမှာ လက်နက်အဖြစ်ဖန်တီးခံခဲ့ရတဲ့လူတွေရဲ့အကြောင်းကို စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ "အာဂနီ"ဆိုတဲ့ Youtuberတစ်ယောက်ဟာ သဘာဝလွန်စွမ်းအားရှင်လူသားတွေကို သူ့ရဲ့ချန်နယ်မှာတင်ဖို့အတွက် လိုက်ရှာနေခဲ့တယ်။ ဒါပေမဲ့ သဘာဝလွန်စွမ်းအားရှင် လူသားတွေကိုလိုက်ရှာနေတာက သူတို့တင်မဟုတ်ပါဘူး။ အဲ့ဒီလူတွေရဲ့နောက်ခံကလည်း ထင်သလောက်ရိုးရှင်းမနေပါဘူး။ ပြီးတော့ သူတို့ရဲ့ရည်ရွယ်ချက်က မျိုးရိုးဗီဇပြောင်းလဲနိုင်တဲ့ဆေးရဲ့ဖော်မြူလာကိုရဖို့အတွက် ဒီသဘာဝလွန်စွမ်းအားရှင်လူသားကို လိုက်ရှာတာဖြစ်နေတယ်။ ဒီလူတစ်စုရဲ့ရည်ရွယ်ချက် ပြည့်ဝနိုင်မလား။ နှစ်ပေါင်းများစွာပုန်းအောင်းနေခဲ့တဲ့ သဘာဝလွန်စွမ်းအားရှင်လူသားကို ရှာတွေ့နိုင်မလား။ မရေရာတဲ့အကြောင်းပြချက်နဲ့ ဆန္ဒပြင်းပြစွာလိုက်ရှာနေတဲ့ အာဂနီမှာရော ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း