ဇာတ်ကားများ ရွေးရန်

The Lovely Bone

2009ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Lovely Bone လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးထဲမှာတော့ အသက်၁၄နှစ်အရွယ် ဆူစီ ဆာလမွန်ဆိုတဲ့ ကောင်မလေးဟာ သူ့အိမ်နီးနားချင်းဖြစ်တဲ့ ဟာဗီဆိုတဲ့ စိတ္တဇလူကြီးရဲ့ ဖြားယောင်းသွေးဆောင်ပြီး သတ်လိုက်ခြင်းကို ခံခဲ့ရပါတယ် ဒါပေမဲ့ သူမဟာ သူမ ဘဝကိုလည်း စွန့်မခွာနိုင် သူမရဲ့ မိသားစုကိုလည်း မစွန့်လွှတ်နိုင် စိတ်မချနိုင်ဖြစ်နေတာကြောင့် ကောင်းကင်ဘုံကို မသွားဘဲ လွင့်မျောနေခဲ့ပါတယ် ထိုလွင့်မျောတဲ့ နေရာကနေ သူ့အိမ် သူ့မိသားစုကို စိတ်မချဘဲ စောင့်ကြည့်နေတာပါ သူမကို သတ်ခဲ့တဲ့ သူကလည်း သူမနည်းတူ ဘဝတူ သတ်လိုက်တဲ့ သူတွေရှိပြီး ဆူစီနဲ့ ကောင်းကင်ဘုံမှာ ပြန်ဆုံကြတာပဲ ဖြစ်ပါတယ် ဒီကားလေးထဲမှာ ကလေးလေးရဲ့ သနားဖွယ် ဖြစ်ရပ်ကိုလည်း သိရမှာ ဖြစ်သလို အိမ်နီးနားချင်းဆိုတဲ့ အန္တရာယ်ကိုလည်း မြင်ရမှာ ဖြစ်ပါတယ် သဘာဝလွန်ဖြစ်ရပ်လည်း ဆန်ပြီး ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြားက လွင့်မျောနေတဲ့ နေရာက fiction ဆန်တဲ့ ရှုခင်းတွေကိုလည်း ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း