Coup!
ကိုယ့်လက်အောက်ကလူဆိုတာအရမ်းတင်းမာလွန်းရင်လည်းမကောင်းသလို အရမ်းရောလွန်းရင်လည်းမကောင်းဘူးဆိုတာကိုဒီဇာတ်ကားလေးနဲ့သက်သေပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ရောလွန်းရင်လည်းရောင့်တက်လွန်းသလို တင်းလွန်းရင်လည်းအငြိုးထားတတ်ကြပါတယ်။ဒီလိုဘယ်လိုမှညှိနှိုင်းယူလို့မရတဲ့ ကမ္ဘာပေါ်မှာအဆိုးဆုံးသတ္တဝါတွေဖြစ်တဲ့လူသားတွေရဲ့စိတ်ကိုအရင်ခေတ်တုန်းက အဖြစ်အပျက်လေးတစ်ခုကိုစိတ်ကူးယဉ်ပြီးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Coup! ဖြစ်ပြီး IMDb Rating 6.3 အထိရရှိထားပါတယ်။ဂျေးဟော်တန်ဆိုတဲ့လူကစာနယ်ဇင်းသမားတစ်ယောက်ဖြစ်ပြီး အမှန်တရားဖက်ကရပ်တည်တတ်တဲ့ ဖြောင့်မတ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူတို့နေထိုင်ရာနေရာမှာ ကပ်ဆိုးရောဂါတွေဖြစ်ပြီးပျံ့နှံ့လာတဲ့အခါမှာအကုန်လုံးကိုပိတ်ချရပြီး သီးသန့်ခွဲနေခဲ့ကြရပါတော့တယ်။အဲ့ဒီအချိန်မှာနိုင်ငံသမ္မတရဲ့လုပ်ရပ်တွေကမှားယွင်းနေတဲ့အခါမှာ သမ္မတရဲ့ဆုံးဖြတ်ချက်တွေကိုဆန့်ကျင်ပြီးသတင်းရေးရာကနေပိုပိုနာမည်ကြီးလာပါတော့တယ်။အဲ့ဒီအချိန်မှာသူ့အိမ်ကိုစားဖိုမှူးအသစ်တစ်ယောက်ရောက်ရှိလာခဲ့ပါတော့တယ်။သူကသတင်းတွေထဲမှာဖြောင့်မတ်သူဖြစ်သလို သူ့လက်အောက်ကလူတွေကိုလည်း အစေခံလို့တောင်မခေါ်ပဲ ဝန်ထမ်းတွေလို့သာခေါ်တဲ့အထိစိတ်ထားကောင်းသူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီအသစ်ရောက်လာတဲ့စားဖိုမှူးက သူ့ရဲ့စိတ်ထားကောင်းတဲ့ပျော့ကွက်ကိုနင်းပြီး ဇာတ်ကားနာမည်အတိုင်းအာဏာသိမ်းဖို့ကြိုးစားလာတဲ့အခါမှာ ဂျေးတစ်ယောက်သူ့မိသားစုနဲ့သူ့အိမ်ကိုကာကွယ်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း