Stree
ပရိသတ်ကြီးကို Horror / Comedy ဇာတ်ကားကောင်းလေး တစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Rajkummar Rao အပါအဝင် တခြားသော သရုပ်ဆောင်တွေလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb Rating အနေနဲ့ကတော့ 7.5 အထိ ရရှိထားတာမလို့ ကြည့်လို့ ကောင်းဖို့အတွက်ကတော့ အာမခံပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရရင်တော့ ချန်ဒေရီဆိုတဲ့ မြို့လေးမှာ ဆတရီဆိုတဲ့ သရဲမဟာ ပွဲတော်ချိန်ရောက်ပြီဆိုရင် မြို့ထဲက အမျိုးသားတွေကို ဖမ်းသွားတတ်တာကြောင့် မြို့နေအမျိုးသားထုကြီးအတွက်တော့ ထိတ်လန့်စရာဖြစ်လို့နေပါတယ်။ ဗစ်ကီဆိုတဲ့ အပ်ချုပ်သမားလေးကတော့ သရဲဇာတ်လမ်းတွေကို ယုံလေ့မရှိဘဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်ပါတယ်။ တစ်ရက်မှာတော့ ချန်ဒေရီမြို့မှာ ပွဲတော်စတဲ့အချိန် ဘယ်ကမှန်းမသိတဲ့ ကောင်မလေးနဲ့ ဗစ်ကီ ပတ်သက်မိပါတော့တယ်။ နောက်တော့ ကောင်မလေးက သူ့ကို ထူးဆန်းတဲ့အရာတွေ ရှာပေးဖို့ တောင်းဆိုလာခဲ့သလို တစ်ဖက်မှာလည်း ဗစ်ကီ့သူငယ်ချင်းဂျာနာက ဆတရီဖမ်းသွားတာကို ခံလိုက်ရပါတော့တယ် အဲဒီကနေမှတဆင့် ဗစ်ကီက ဆတရီ့အကြောင်းကို စုံစမ်းရင်း ဆတရီ့ကို နှိမ်နင်းဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဗစ်ကီမသိထားတဲ့ အဖြစ်မှန်တွေလည်း သိလာရသလို ဆတရီဟာလည်း ထင်ထားသလိုတွေ မဟုတ်တာကို သိလာခဲ့ရတဲ့ အချိန်မှာတော့.....ဘာတွေများ ဆက်ဖြစ်ကြဦးမလဲဆိုတာကို ပရိသတ်ကြီးက ကြည့်ရှုအားပေးကြပါဦးရှင်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Kaelyn ပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း