All We Wanted
ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့တစ်ဖွဲ့က သူတို့ရုပ်ရှင်ကို ရင်းနှီးမြှုပ်နှံပေးမယ်ဆိုတဲ့ မိသားစုတစ်စုနေထိုင်ရာ ခြံကျယ်ကြီးတစ်ခုမှာ ညစာစားရင်း ရုပ်ရှင်နဲ့ပတ်သက်ပြီး ဆွေးနွေးပြောဆိုဖို့အတွက် အသေအချာစီစဉ်ကာ အိမ်ကြီးဆီကို ရောက်ချလာပါတော့တယ်။ အလုပ်ကိစ္စနှင့်ပတ်သက်ပြီး အဆင်ပြေရုံရှိသေး .. သူတို့ ညစာစားနေတဲ့ အိမ်ကြီးထဲကို မျက်နှာဖုံးတပ်လူတစ်စုက ဝင်ရောက်လာကာ သူတို့အသက်ကို ရန်ရှာပါတော့တယ်။ လူသတ်သမားတွေက ဘယ်သူလဲ .. ဘယ်သူ့ကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာလဲ .. သူတို့ရော အသက်ရှင်လျက်နဲ့ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Leon K Zaw ဖြစ်ပါတယ်။)
ဇာတ်လမ်းအကြောင်း