500 Days of Summer
App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ 500 Days of Summer လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် အချစ်အပေါ် ခံယူချက်ချင်း မတူညီတဲ့လူနှစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ကို သရုပ်ဖော်ထားတဲ့ ဒီကားလေးဟာ ၂၀၀၉ ခုနစ်တုန်းက ဝေဖန်ရေးသမားတွေကြားထဲမှာရော ရုပ်ရှင်ဝါသနာအိုးတွေကြားမှာပါ ရေပန်းစားတဲ့ကားကောင်းတစ်ကားဖြစ်ခဲ့ပြီး အခုချိန်အထိပါ အချစ်ဇာတ်လမ်းကောင်းတွေကြားမှာ နေရာယူထားဆဲပါ။ တွမ်ဟန်ဆန်က အချစ်တွေ ဖူးစာတွေ ကံကြမ္မာတွေကို ယုံကြည်တဲ့လူတစ်ယောက်၊ ဆမ်းမားကတော့ သူ့ရဲ့ ဆန့်ကျင်ဘက်၊ ဇန်နဝါရီ ၈ ရက်နေ့မှာ သူတို့တွေ စဆုံကြပြီး ဇာတ်လမ်းတစ်ပုဒ်ပေါက်ဖွားလာတယ်။ အချစ်ဇာတ်လမ်းတော့ မဟုတ်ဘူး... အချစ်အကြောင်း သင်ပြပေးမဲ့ဇာတ်လမ်း .... တွမ်ဟန်ဆန်က ဆမ်းမားကို မြင်မြင်ချင်းမှာ သူ့ဖူးစာဖက်လို့ ထင်ခဲ့တယ်။ ဆမ်းမားရဲ့ အရာရာကို ချစ်ခဲ့တယ်။ တစ်ဖက်မှာ ဆမ်းမားကတော့ သာမာန်ပုံပေါက်ပေမဲ့ သာမာန်မဟုတ်တဲ့ အလှပဂေးလေး။ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့် လူတစ်ယောက်အပေါ် အချစ်စိတ်ကလွဲလို့ ကျန်တဲ့စိတ်တွေပဲ ရှိဖူးတဲ့လူ။ ချစ်တဲ့စိတ်နဲ့ ပတ်သက်မိတဲ့ တွမ် သဘောကျစိတ်နဲ့ ပတ်သက်မိတဲ့ ဆမ်းမား ရက်ပေါင်း ၅၀၀ အကုန်မှာ အချစ်အကြောင်း ဘာတွေသင်လိုက်ရမလဲ... ဤဇာတ်လမ်းသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ အသက်ရှင်သူ သေဆုံးသူ လူပုဂ္ဂိုလ်များနှင့် တူညီခဲ့သည်ရှိသော် တိုက်ဆိုင်မှုသက်သက်သာဖြစ်ပါသည်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Edin Ten ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း