ဇာတ်ကားများ ရွေးရန်

Escape

2023ဇာတ်ကားWeb-dl 1080p

မိန်းကလေးတွေက ပျော့ညံ့တယ် အားနွဲ့တဲ့သူတွေဆိုပြီး အမြဲတမ်း ကယ်တင်ပေးခံရဖို့ အကူအညီရဖို့ မျှော်လင့်နေရင်း Damsel in distressလုပ်နေလို့မရဘူးဆိုတာကို မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်တဲ့ Escape 2023 အချောအလှ မိန်းကလေး ၁၀ ယောက် တကယ်တမ်းဒုက္ခကြုံလာတော့ ဘယ်လိုရုန်းထွက်ဖို့ ကြိုးစားတိုက်ခိုက်မလဲဆိုတာကို စိတ်ဝင်စားစရာကောင်းလောက်အောင် ရှုစားရမှာဖြစ်တယ်။ အပန်းဖြေကျွန်းမှာ အားလပ်ရက်ခရီးထွက်လာတဲ့ မိန်းမချောလေးဆယ်ယောက် ကံဆိုးချင်တော့ အပျော်ခရီးကနေ အပျက်ဖြစ်ပြီး လူမှောင်ခိုဂိုဏ်းတစ်ခု ပြန်ပေးဆွဲတာခံလိုက်ရပါတော့တယ်။ သူတို့သိထားတာဆိုလို့ သူတို့တွေကို ကန္တာရထဲကတစ်နေရာမှာ ချုပ်နှောင်ထားတယ်ဆိုတာရယ်၊ မကြာခင်မှာ လိင်ကျွန်အဖြစ် ရောင်းစားခံရတော့မယ်ဆိုတာပါပဲ။ မိန်းကလေးပီပီ သူတို့ဆယ်ယောက်လုံး ထိတ်လန့်တုန်လှုပ်နေကြပေမဲ့ သူတို့အတွက် အားကိုးရာက သူတို့အပြင်မရှိနေတဲ့အခါ လူသူမရှိတဲ့ ကန္တာရကြီးထဲ မှောင်ခိုသမားတွေလက်က ရုန်းထွက်ဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာ ရှုစားကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eunice ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း