ဇာတ်ကားများ ရွေးရန်

Drive

2024ဇာတ်ကားအမှတ် 6/10Web-dl 1080p

ဒီကားလေးကတော့ ဒီနှစ် 6လပိုင်းကမှ ထွက်ရှိထားတဲ့ကားလေးပါ။ ဟန်ယူနာဆိုတဲ့ကောင်မလေးဟာ လိုင်းပေါ်ကနေ Streamerအနေနဲ့လုပ်ပြီး ဝင်ငွေရှာနေတဲ့လူပါ။ ဒါပေမဲ့ သူလုပ်တဲ့အလုပ်က မအောင်မြင်ဘဲ ကြည့်ရှုသူကတော့ 0ပဲဖြစ်နေခဲ့ပါတယ်။ ဟန်ယူနာကတော့ လက်မလျှော့ဘဲ ဂင်ချီပန်ကိတ်တွေပါလုပ်ပြီး subscriberရှာခဲ့ပေမဲ့ Liveပိတ်ဖို့မေ့ပြီး သူလုပ်တဲ့မုန့် သူပြန်စားမိပြီး အရသာဆိုးလွန်းလို့ ဆဲဆိုနေခဲ့တာ လူမိသွားခဲ့လို့ တောင်းပန်ရတာပဲ အဖတ်တင်လိုက်ပါတယ်။ ဒီလိုနဲ့ attentionရှာဖို့ကြိုးစားရင်း အဖေဖြစ်သူက ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားပါတယ်ဆိုပြီး ဒရမ်မာတွေချိုးတဲ့အချိန်မှာတော့ လူတွေသနားလာပြီး တဖြည်းဖြည်းနဲ့ Subscriberတွေရလာခဲ့ပါတယ်။ ဒီလိုနဲ့အောင်မြင်ဖို့အတွက် လုပ်လို့ရသမျှ လျှောက်လုပ်ရင်း နာမည်ရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဟန်ယူနာတစ်ယောက် ပွဲတစ်ခုကနေအပြန်မှာ ကားနောက်ဖုံးထဲထည့်ပြီး ပြန်ပေးဆွဲခံလိုက်ရပါတယ်။ လူတွေအပေါ် လှည့်စားခဲ့တဲ့ဟန်ယူနာတစ်ယောက် ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ဘာတွေကြုံတွေ့ရမယ်ဆိုတာကတော့... ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း