Boxer
အနာဂတ်ပျောက်ဆုံးနေတယ် ဆင်းရဲမွဲတေနေတယ် ဖိစီးနှိပ်စက်ခံနေရတယ်ဆိုတဲ့စကားလုံးတွေကို အကုန်လုံးတော့ရင်းနှီးနေပြီးဖြစ်မှာပါ။အဲ့လိုဖြစ်ဖူးတဲ့နိုင်ငံတွေအများကြီးရှိသလို ပိုလန်နိုင်ငံကလည်းအဲ့လိုနိုင်ငံထဲမှာပါဝင်ခဲ့ပါတယ်။၁၉၈၀ ခုနှစ်ဝန်းကျင်မှာ ပိုလန်မှာနိုင်ငံရေးမတည်ငြိမ်မှုတွေဖြစ်ခဲ့ပြီးနိုင်ငံတော်တော်ပျက်စီးကာ အထက်မှာဖော်ပြထားတဲ့အကြောင်းအရာတွေကြောင့် လူတစ်သန်းကျော်က တခြားနိုင်ငံကိုတိမ်းရှောင်ထွက်ပြေးခဲ့ကြပါတယ်။အဲ့ဒီသမိုင်းကြောင်းကိုပေါ်လွင်အောင် ထွက်ပြေးရှောင်တိမ်းခဲ့တဲ့လူတွေကိုကိုးကားပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Boxer ဖြစ်ပြီး လက်ရှိ IMDb Rating 6.1 ရရှိထားပါတယ်။ဘယ်လိုဇာတ်အိမ်တည်ထားတယ်ဆိုတာကိုတော့ဇာတ်ကားနာမည်ကိုကြည့်ပြီးရိပ်မိကြမှာပါ။ယက်ဒရစ်လို့ခေါ်တဲ့ကောင်လေးရဲ့အဖေက နိုင်ငံကျော်ဒိတ်ဒိတ်ကြဲလက်ဝှေ့သမားကြီးဖြစ်ပြီး ကမ္ဘာ့ထိပ်တန်းဖြစ်ဖို့ကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့်အကြောင်းအမျိုးမျိုးကြောင့်ရှုံးနိမ့်ခဲ့ပြီးလက်ဝှေ့လောကကနေထွက်ခွာခဲ့ရပါတယ်။ဒီလိုနဲ့သူကြီးလာတဲ့အခါမှာတော့သူ့အဖေဖြစ်ချင်ခဲ့တဲ့ဆန္ဒ သူ့ဆန္ဒဖြစ်တဲ့ ကမ္ဘာ့ချန်ပီယံဖြစ်လာဖို့အတွက်ကြိုးစားခဲ့ပါတော့တယ်။နိုင်ငံတွင်းမှာထိပ်တန်းဖြစ်နေပေမဲ့ ပျက်စီးနေတဲ့နိုင်ငံကြီးထဲမှာသူ့အတွက်ဘယ်လိုမှတက်လမ်းမရှိတဲ့အခါမှာတော့ သူ့ဇနီးဖြစ်သူခါရှာကိုခေါ်ပြီး အင်္ဂလန်မှာအခြေချဖို့ကြိုးစားခဲ့ကြပါတော့တယ်။တရားမဝင်တခြားနိင်ငံမှာသွားအခြေချရမှာဖြစ်တဲ့အတွက်အခက်အခဲတွေအများကြီးကြုံတွေ့ရင်းနဲ့မှ ဘ၀ရဲ့အတက်အကျတွေကိုယက်ဒရစ်တစ်ယောက်ရင်ဆိုင်ကျော်ဖြတ်နိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း