ဇာတ်ကားများ ရွေးရန်

Uglies

2024ဇာတ်ကားအမှတ် 5/10Web-dl 1080p

ကမ္ဘာပေါ်မှာအဆိုးဆုံးမျိုးစိတ်တွေကိုပြောပါလို့ဆိုရင် လူသားတွေလို့ပဲပြောရမှာပါပဲ။လူသားတွေကသဘာ၀တရားကြီးကိုဖျက်ဆီးတဲ့နေရာမှာတော့ထိပ်တန်းစံချိန်တင်ပါပဲ။ဒီလိုတွေသာဆက်ဖြစ်နေရင်ဘယ်လိုဖြစ်လာမယ်ဆိုတာကိုစိတ်ကူးယဉ်ပြီးရိုက်ကူးထားတဲ့သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Uglies ဖြစ်ပြီး IMDb Rating 5.0 ရရှိထားပါတယ်။အထက်မှာပြောခဲ့တဲ့အတိုင်း လူသားတွေရဲ့ဖျက်ဆီးမှုကြောင့်ကမ္ဘာကြီးကပျက်စီးသွားပြီး လူတွေအတွက်နေထိုင်ဖို့တောင်ခက်ခဲတဲ့နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒါကိုပြန်လည်အဖတ်ဆည်ဖို့အတွက် ကမ္ဘာကြီးပေါ်ကအကောင်းဆုံးသိပ္ပံပညာရှင်တွေနဲ့ပူးပေါင်းပြီး အတ္တလောဘတွေ မနာလိုမှုတွေ အမုန်းတရားတွေပွားများနေတဲ့လူတွေကိုသင့်မြတ်စေဖို့ဖြေရှင်းနည်းတစ်ခုကိုတီထွင်ခဲ့ကြပါတယ်။အဲ့ဒါကတော့လူသားတိုင်းကိုပုံပန်းသွင်ပြင်အရပြည့်စုံအောင်လုပ်ပေးပြီး တန်းတူဖြစ်အောင်လုပ်ပေးလိုက်တာပါပဲ။အဲ့ဒါမှအကုန်လုံးတန်းတူညီမျှသွားတဲ့အခါမှာအငြင်းပွားမှုတွေမဖြစ်ဘဲ သင့်မြတ်စွာနေထိုင်နိုင်ကြမှာဖြစ်ပါတယ်။ဒါပေမယ့်အဲ့လိုပြည့်စုံတဲ့လှပသူတစ်ယောက်ဖြစ်လာဖို့အခြေအနေတစ်ခုတော့လိုအပ်ပါတယ်။အဲ့ဒါကတော့ အသက် ၁၆ နှစ်ပြည့်မှလှပသူတစ်ယောက်ဖြစ်လာပြီး အဲ့ဒီမတိုင်ခင်အထိတော့မပြည့်စုံတဲ့ ရုပ်ဆိုးသူတစ်ယောက်ဖြစ်နေရမှာပါပဲ။အဲ့ဒီရုပ်ဆိုးသူတွေထဲမှာတယ်ရီနဲ့ပဲရစ်ဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းအပါအဝင်ဖြစ်ပြီးပဲရစ်က ၁၆ နစ်အရင်ပြည့်တဲ့အတွက်လှပသူအရင်ဖြစ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက် ၁ လနေရင်တွေ့နေကျနေရာမှာပြန်တွေ့မယ်လို့ချိန်းထားခဲ့ပေမဲ့ ပဲရစ်ကမလာခဲ့တဲ့အခါမှာတော့ တယ်ရီကပဲရစ်ရှိရာကိုခိုးလိုက်သွားရင်းနဲ့မှ ထူးဆန်းတာတွေတစ်ခုပြီးတစ်ခုကြုံတွေ့ခဲ့ရပြီး လူသားအားလုံးကိုလှပပြီးပြည့်စုံအောင်လုပ်ပေးနေတဲ့နောက်ကွယ်ကဆိုးဝါးတဲ့ဖြစ်ရပ်မှန်ကြီးကိုသိလိုက်ရတဲ့အခါမှာတော့ ဘယ်လိုစိတ်ဝင်စားစရာတွေကိုကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း