ဇာတ်ကားများ ရွေးရန်

Mother Couch

2024ဇာတ်ကားWeb-dl 1080p

ကြည့်ရှုသူတွေရဲ့စိတ်ထဲမှာမရိုးမရွတမျိုးကြီးဖြစ်အောင် Dark ဖြစ်တဲ့အတွေးတွေဝင်အောင်လုပ်ပေးမဲ့ Dark Comedy ဇာတ်ကားကောင်းအသစ်တစ်ကားထွက်ရှိလာခဲ့ပါပြီ။တစ်ကားလုံးနားကိုနားမလည်နိုင်ပဲ အတွေးပေါင်းသောင်းခြောက်ထောင်ဝင်အောင်လုပ်ထားတဲ့အတွက်ရိုးရိုးရှင်းရှင်းတွေကိုပျင်းပြီး ဆန်းဆန်းပြားပြားလေးတွေကြည့်ရှုချင်တယ်ဆိုတဲ့လူတွေအတွက်ကတော့ အဆင်ပြေချက်ပါပဲ။ဇာတ်ကားနာမည်ကတော့ Mother Couch ဖြစ်ပြီး လက်ရှိ IMDb Raing 5.5 အထိရရှိထားပါတယ်။ဇာတ်လမ်းအစမှာဒေးဗစ်နဲ့ဂရစ်ဖ်တို့ညီအစ်ကိုနှစ်ယောက်က အမေဖြစ်သူနဲ့အတူတူပရိဘောဂအဟောင်းဆိုင်တစ်ခုကိုရောက်ရှိနေတာကိုတွေ့ရမှာဖြစ်ပါတယ်။သူတို့ရည်ရွယ်ချက်ကတော့ဘီဒိုဝယ်ဖို့လာတာဖြစ်ပေမဲ့ သူတို့အမေကဆိုဖာတစ်ခုကိုကြိုက်သွားပြီးအဲ့ဒီပေါ်မှာပဲထိုင်နေပါတော့တယ်။အမေဖြစ်သူဆိုဖာပေါ်ကထအောင်အမျိုးမျိုးကြိုးစားကြပေမဲ့ တုပ်တုပ်တောင်မလှုပ်ပါဘူး။ဒီလိုနဲ့အချိန်တွေကြာလာပြီး စစ်ကူတွေခေါ် ဆိုင်မှာပဲတစ်ညပါအိပ်လိုက်ရတဲ့အခြေအနေဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ဇာတ်လမ်းအစကတည်းက ဇာတ်လမ်းအလယ်လောက်အထိဆိုဖာတစ်လုံးနဲ့အမေကြားမှာတိုင်ပတ်နေတာတွေပဲတွေ့ရပြီး နောက်ပိုင်းမှာတော့ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ရှုပ်ထွေးတဲ့အရာတွေဆက်လက်တွေ့ရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း