Teenz
ဇာတ်လမ်းအကြောင်းအရာလေးကတော့ ခေါင်းစဉ်လေးအတိုင်းပဲ ဆယ်ကျော်သက်တွေအကြောင်းကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ယောကျ်ားလေးရှစ်ယောက်နဲ့မိန်းကလေးငါးယောက်.. စုစုပေါင်းလူငယ်၁၃ယောက်ဟာ မိဘတွေရဲ့တင်းကျပ်မှုကို စောဒကတက်ချင်နေပြီး သူတို့လူငယ်တွေက ကလေးတွေမဟုတ်တော့ဘူးဆိုတာကို သက်သေပြဖို့အတွက် အဖွဲ့ထဲကမိန်းကလေးတစ်ယောက်ရဲ့အဘွားတို့ရွာကို သူတို့ချည်းပဲထွက်လာခဲ့လိုက်ကြတယ်။ ၁၃ဂဏန်းဟာ ကံဆိုးတယ်ဆိုတဲ့နိမိတ်အတိုင်း သွားတဲ့လမ်းမှာ သူတို့ ကံဆိုးမှုအမျိုးမျိုးကြုံရပြီး အမည်မသိအရာတစ်ခုရဲ့တိုက်ခိုက်မှုကိုခံရပါတော့တယ်။ တောထဲမှာလမ်းပျောက်ပြီး အဖွဲ့ထဲကလူတွေ တစ်ယောက်ချင်းစီထူးဆန်းစွာပျောက်သွားကြတဲ့အခါ လူငယ်လေးတွေချည်း ဒီဖြစ်ရပ်ဆန်းကြီးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို လူငယ်တွေရဲ့အတွေးအခေါ်၊အယူအဆနဲ့ လူငယ်သဘာဝစူးစမ်းလိုမှုတွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း