ဇာတ်ကားများ ရွေးရန်

Jaws

1975ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Jaws လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးကနေ ၁၉၇၅ ခုနှစ်ထဲက စရိုက်ထားတဲ့ ငါးမန်းက လူတွေလိုက်စားတဲ့ ကားလေးပဲ ဖြစ်ပါတယ် Jaws Movie လေးမှာ ဇာတ်ကားသုံးကားရှိပြီး ဒါကတော့ ပထမဆုံး ကားဖြစ်တဲ့ Jaws (1) ပဲ ဖြစ်ပါတယ် အမ်မတီကျွန်းလို့ ခေါ်တဲ့ အပန်းဖြေ ကျွန်းလေးပေါ်မှာ မထင်မှတ်စရာ ထိတ်လန့်ဖွယ် အဖြစ်ကို ကြုံရပါတော့တယ် ဘာငါးမန်းမှ မပေါ်ဖူးတဲ့ ကျွန်းရေထဲမှာ လူသားစားငါးမန်းကြီး တစ်ကောင်ရောက်လာပါတော့တယ် ဒါပေမဲ့ လူတွေက ဘယ်သူမှလည်း မယုံကြပါဘူး ပိတ်ရက် အပန်းဖြေချိန်လည်း ဖြစ်တတ်တဲ့အတွက် မြို့ဝန်ကပါ ငါးမန်းကို ပေါ့ပေါ့တန်တန် မှတ်ထားပြီး ကမ်းခြေကို မပိတ်ပဲ ဆက်လက်ဖွင့်ပါတော့တယ် ရဲမှူးဘရော့ဒီက သူတို့ကို တားပေမဲ့ ရဲမှူးက ကျွန်းသားမဟုတ်ဘဲ နယူးယော့ခ်လို မြို့ကြီးက လာတဲ့သူ ဖြစ်တာကြောင့် ဘယ်သူမှ သူ့စကားကို နားမထောင်ကြပါဘူး ငါးမန်းဟာလည်း လူတွေ စားဖို့အတွက် စောင့်နေတာပဲ ဖြစ်ပါတယ် မြို့ကနေ လာတဲ့ ငါးမန်းပညာရှင် မက်ထ် ဟူပါကတော့ ဒီငါးမန်းက ပေါ့သေးသေး မဟုတ်ကြောင်း ငါးမန်းအကြီးစားတစ်ကောင်ဖြစ်ကြောင်းကို ရှင်းပြနေပေမဲ့ မြို့ဝန်ကလည်း သူ့စကားကို အလေးမထားပါဘူး ဘာတွေဆက်ဖြစ်မလဲ ပြဿနာကို သေချာမမြင်ခင် လူဘယ်နှစ်ယောက် အစားခံလိုက်ရမလဲ သူတို့ ပေါ့ပေါ့သေးသေး တွက်ထားတဲ့ ငါးမန်းက သူတို့ထင်သလို ကိစ္စကြီး မဟုတ်ဘူးလား ဒါမှမဟုတ် ရဲမှူးနဲ့ ငါးမန်းပညာရှင်ပြောသလို ပြဿနာကိစ္စကြီးများ ဖြစ်နေမလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း