ဇာတ်ကားများ ရွေးရန်

Mira

2022ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Mira လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် စိတ်ကူးယဉ်-သိပ္ပံ (sci-fi) ရုပ်ရှင်မျိုးကိုမှ ဒရမ်မာနဲ့ စွန့်စားခန်းတွေကို စိတ်၀င်စားစရာ ပေါင်းစပ်ဖန်တီးထားတဲ့ ရုရှားဇာတ်လမ်း‌ကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - Lera ဆိုတဲ့ကောင်မလေးဟာ broken family မှာ ကြီးပြင်းလာရသူ၊ စိတ်ဒဏ်ရာရှိတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ပါ။ တစ်နေ့တော့ ကမ္ဘာမှာနှစ်ပေါင်းများစွာကြာမှ ကြယ်‌အစုလိုက်ကြွေတာကို မြင်ရမဲ့ ဖြစ်စဉ်တစ်ခုဖြစ်ဖို အကြောင်းဖန်လာပါတယ်။ Lera ရဲ့မောင်လေး Egor အပါအ၀င် သူတိုတစ်မြို့လုံးက ကြယ်ကြွေတာကို စောင့်ကြည့်ဖို တာဆူနေကြပါတယ်။ အလွယ်‌ပြောရရင်တော့ ကြယ်ကြွေတယ်ဆိုတာ အာကာသထဲက ဥက္ကာခဲအပိုင်းအစတွေ ကမ္ဘာမြေနဲ့အနီးကပ်ဖြတ်သန်းသွားတာကို လှမ်းမြင်ကြရတာပါ။ ပထမတော့ ကမ္ဘာမြေအတွက် အန္တရာယ်မရှိဘူးလို တွက်ဆထားပေမဲ့ အနီးကပ်မှ ထင်သလိုမဟုတ်ဘဲ အကြီးအကျယ်အန္တရာယ်ဖြစ်‌နိုင်တာကို သိလိုက်ရပါတယ်။ အဲဒီအခါ မီရာရဲ့အဖေဖြစ်သူ အာကာသယာဉ်မှူး Arabov က အာကာသစခန်းတစ်ခုကနေ ကမ္ဘာမြေကသမီးဖြစ်သူဆီကို မရမကဆက်သွယ်ပါတော့တယ်။ အဲဒီလို ကမ္ဘာမြေကို ဥက္ကာခဲအပိုင်းအစတွေ အကြီးအကျယ် ၀င်တိုက်မဲ့ ဖြစ်စဉ်မှာ အာကာသစခန်းက ဖခင်နဲ့ က‌မ္ဘာမြေကသမီးဖြစ်သူတို့ ပူးပေါင်းပြီး ဘယ်လိုတွေ လုပ်ဆောင်သွားမှာလဲ၊ ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ပြီး ဘယ်လိုရုန်းကန်ရင်ဆိုင်သွားမလဲဆိုတာ စိတ်၀င်စားစရာ ကြည့်ရှုကြရမှာပါ။ သည်းထိတ်ရင်ဖို စွန့်စားခန်းတွေနဲ့အတူ ‌ဖခင်မေတ္တာကိုပါ ဖော်ညွှန်းထားပြီး ရုပ်ရှင်ချစ်သူများ အကြိုက်တွေ့လောက်မဲ့ ဇာတ်မျိုးမို့ ကြည့်ဖြစ်အောင်ကြည့်ကြဖို့ ညွှန်းပေးလိုက်ပါရစေ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း