Okay Madam
ဇာတ်လမ်းအစမှာတော့ မီယောင်းဆိုတဲ့အမျိုးသမီးက မုန့်ကြိုးလိမ်ရောင်းပြီး သူ့အမျိုးသားဆော့ဟွမ်ကတော့ ကွန်ပျူတာတွေပြင်တဲ့အလုပ်လုပ်ပါတယ်။ သူတို့မှာ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ ဆော့ဟွမ်ကတော့ အိမ်ကအဝတ်လျှော်စက်ပြီး စုတ်နေလို့ဆိုပြီး ကံစမ်းမဲတွေလိုက်ထိုးနေတဲ့သူပါ။ ဒီလိုနဲ့ တစ်ရက်ကျ ဟာဝါအီကို မိသားစုခရီးထွက်နိုင်မဲ့ကံစမ်းမဲ ပေါက်သွားခဲ့ပါတယ်။ စစချင်းတော့ မဲကိုရောင်းစားပြီး အဝတ်လျှော်စက်ဝယ်မလို့လုပ်ခဲ့ပေမဲ့ သမီးလေးရဲ့ဆန္ဒကြောင့် မီယောင်းတို့ ဟာဝါအီကိုခရီးစထွက်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ အကြမ်းဖက်လူတစ်စုက လျှို့ဝှက်အေးဂျင့်တစ်ယောက်နောက်ကိုလိုက်ပြီး လေယာဉ်တစ်ခုလုံးဓားစာခံအဖြစ်ကိုရောက်သွားတဲ့အချိန်မှာ မီယောင်းတို့လင်မယားက ဘယ်လိုမျိုးကြိုးစားကယ်တင်သွားမလဲဆိုတာ... ဒီကားလေးကို အညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း